တရုတ်ပို့ကုန် ယမန်နှစ် အောက်တိုဘာလတွင် ဝ ဒသမ၃ ရာခိုင်နှုန်း ကျဆင်း 

By ANI  
06 January 2023
တရုတ်ပို့ကုန် ယမန်နှစ် အောက်တိုဘာလတွင် ဝ ဒသမ၃ ရာခိုင်နှုန်း ကျဆင်း 

တရုတ်ပို့ကုန်သည် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဒေါ်လာတန်ဖိုးအားဖြင့် ဝ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သောကြောင့် တိုးတက်မှုမျှော်လင့်ခဲ့သော လေ့လာသုံးသပ်သူများ၏ ခန့်မှန်ချက်များလွဲချော်ခဲ့ကာ အမေရိကန်နှင့် ဥရောပသမဂ္ဂသို့ ရောင်းချသည့် ကုန်ပစ္စည်းတန်ဖိုးများမှာလည်း ကျဆင်းသွားကြောင်း Financial Post က ဖော်ပြသည်။

“တရုတ်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် အမေရိကန်သို့ တင်ပို့မှုသည် အောက်တိုဘာလတွင် ၁၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တတိယမြောက်လအဖြစ် ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂသို့ တင်ပို့မှု ကလည်း ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်" ဟု အမေရိကန်အခြေစိုက်မီဒီယာ Financial Post က ဖော်ပြခဲ့သည်။ 
ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကြောင့် အမေရိကန်နှင့် ဥရောပတို့သည် စီးပွားရေးကဏ္ဍတွင် ငွေကြေးလည်ပတ် မှုကို ထိန်းချုပ်ခဲ့ရသည်။
အမေရိကန်ဗဟိုဘဏ်က စီးပွားရေးကျဆင်းမှုကို လျစ်လျူရှုကာ အတိုးနှုန်းများမြှင့်တင်ခဲ့သဖြင့် တရုတ်သည် ဖိအားများ ကြုံတွေ့နေရသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်တွင် တရုတ်ပို့ကုန်သည် ၂၀၂၃ ခုနှစ်တွင် ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ဗြိတိန်နိုင်ငံတကာဘဏ်တစ်ခုဖြစ်သည့် Barclays က ခန့်မှန်းခဲ့သည်။
အိမ်ခြံမြေကဏ္ဍကျဆင်းမှုကြောင့် ဘဏ်က ၂၀၂၃ ခုနှစ် တရုတ်ဂျီဒီပီ မျှော်မှန်းချက်ကို ၄ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းသို့ စက်တင်ဘာလတွင် လျှော့ချခဲ့သည်။
"အိမ်ခြံမြေကဏ္ဍသည် တရုတ်ဂျီဒီပီ၏ ၃ ပုံ ၁ ပုံနီးပါးရှိသည်" ဟု The Financial Post က ဖော်ပြခဲ့သည်။
တရုတ်တွင် တစ်သက်လျှင်တစ်ကြိမ်သာ ကြုံရသည့် စီးပွားရေးစိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရပြီး တရုတ် ကွန်မြူနစ်ပါတီ (CCP) ၏ ဆုံးဖြတ်ချက်များသည် နိုင်ငံ့လူဦးရေ ၁ ဒသမ ၄ ဘီလီယံ၏ ဘဝများကို များစွာ သက် ရောက်စေမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly