ပါကစ္စတန်တွင် လုံခြုံရေးစိုးရိမ်မှုကြောင့် တရုတ်စီမံကိန်းများကိုရပ်ဆိုင်းထား

By ANI 
06 January 2023
ပါကစ္စတန်တွင် လုံခြုံရေးစိုးရိမ်မှုကြောင့် တရုတ်စီမံကိန်းများကိုရပ်ဆိုင်းထား

ပါကစ္စတန်တွင် လုံခြုံရေးခြိမ်းခြောက်မှုများ ဆိုးရွားလာခြင်းကြောင့် တရုတ်အင်ဂျင်နီယာများသည် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် ဆွက်နှင့် ရှန်ဂလာခရိုင်များရှိ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများကို ၂၀၂၂ ဇူလိုင်လက ရပ်ဆိုင်းထားခဲ့ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ပျက်စီးယိုယွင်းလာနေချိန်တွင် တရုတ်အင်ဂျင်နီယာများအတွက် စိတ်ချရသောလုံခြုံရေးအစီအစဉ်တစ်ခု ပြုလုပ်ရန် လုံခြုံရေးအေဂျင်စီများအား အကြောင်းကြားထားသည်။
တရုတ်အင်ဂျင်နီယာများသည် အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းတွင် လုပ်ငန်းများကို ပြန်လည်စတင်နိုင်ခြင်း မရှိသေးပေ။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး နီဆာအာမက်ခန်းက ရူပီးဘီလီယံပေါင်းများစွာတန်သော ရေအားလျှင်စစ်စီမံကိန်းများ အချိန်မီ ပြီးစီးရေးအတွက် ပေါင်းစပ်မဟာဗျူဟာတစ်ရပ် ချမှတ်ရန် ဇန်နဝါရီ ၂ ရက်နေ့ကကျင်းပသော အစည်းအဝေးတွင် လုံခြုံရေးအေဂျင်စီများအား ညွှန်ကြားခဲ့သည်။
တရုတ်ပညာရှင်အဖွဲ့သည် ရှန်လာခရိုင်ရှိ ၁၁ ဒသမ ၈ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော Karora ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၂ ခုနှစ် မေလကတည်းက ရပ်ဆိုင်းခဲ့ကြောင်း အစည်းအဝေးတွင် တင်ပြခဲ့ကြသည်။
စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ ရပ်နားထားရပြီး လုံခြုံရေးခြိမ်းခြောက်မှု အခြေအနေနှင့် နှောင့်နှေးမှုများကြောင့် ပြည်နယ်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်လာမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။
ဆွေးနွေးပွဲသို့ တတ်ရောက်လာသူများက လုံခြုံရေးအစီအစဉ်များ ပိုမိုကောင်းမွန်စေမည့်နည်းလမ်းအမျိုုးမျိုးကို  ဆွေးနွေးခဲ့ကြသည်။ နိုင်ငံခြားသားအင်ဂျင်နီယာများအတွက် ကျည်ကာယာဉ်များကို စီစဉ်ပေးမည် ဖြစ်ပြီး အဆင့်မြင့် လုံခြုံရေး အစီစဉ်များ ချမှတ်ထားကြောင်း The Nation ကဖော်ပြခဲ့သည်။
စွမ်းအင်စီမံကိန်းများထိခိုက်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နှင့် အခြားအဖွဲ့အစည်းများနှင့်် နီးကပ်စွာ ထိတွေ့ဆက်ဆံမှု အပါအဝင် ကောင်းမွန်စွာ စီမံထားသော လုံခြုံရေးဗျူဟာကို ချမှတ်သင့်ကြောင်း စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required