နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၅ ဇန်နဝါရီ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၅ ဇန်နဝါရီ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိ သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) (အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာန တပ်ရင်းအမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး(၁/၂၀၂၃)ကို ဇန်နဝါရီ ၄ ရက် မနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ ကြကြောင်းသိရသည်။

· CDM များ၊ Generation Z များနှင့် အတူ ကိုယ်စားလှယ်များအနေဖြင့်လည်း တော်လှန်ရေးပြီးဆုံးသည် အထိသွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း ယနေ့အချိန်ထိ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ ပါဝင်ခဲ့ကြသည့် CDM သူရဲကောင်းများအား ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက ပြောသည်။

· ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့တွင် ကျရောက်သည့် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ - ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်၏ (၆၁) နှစ်ပြည့်မွေးနေ့မှစ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဖက်ဒရယ်ပြည်ထောင်စုအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ကြောင်းNUG ကာကွယ်ရေးဝန်ကြီးဌာန်မှ ထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာကို အကြမ်းဖက် စစ် တပ်နှင့် ပျူစောထီးများက ယနေ့နေ့လယ်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ များထံမှ သိရသည်။

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ယင်းမာပင်မြို့နယ်တွင် ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် မုံရွာသပိတ်အင်အားစုက '' စစ်အာဏာရှင် လက်အောက်မှာ မုံရွာမြို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေ''ဆိုသည့် ဘန်နာကို ကိုင်ဆောင်၍ အကြမ်းဖက် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း အာရုဏ်ဦး မီးတုတ်သပိတ်ကို ယနေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင် စီတပ်သားများ တိုက်ခိုက်ခံရကြီး စစ်သား ၁ ဦးသေဆုံး ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် မုံရွာသပိတ်အင်အားစုက '' စစ်အာဏာရှင် လက်အောက်မှာ မုံရွာမြို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေ''ဆိုသည့် ဘန်နာကို ကိုင်ဆောင်၍ အကြမ်းဖက် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း အာရုဏ်ဦး မီးတုတ်သပိတ်ကို ယနေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြသည်။

· မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ကြားတို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံး ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း Palaw –KPDF ထံမှ သိရသည်။

· အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် တရားမဝင်ဘဲ ပူးပေါင်းသူမှန် သမျှ နိုင်ငံရေးပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-General Strike Coordination Body - GSCBက ဇန်ဝါရီလ ၄ ရက်နေ့တွင် တရားဝင် ကြေညာချက် ထုတ်ပြန်သတိ ပေးသည်။

· မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်အခြေစိုက်တပ်စွဲထားသည့် ပျူစောထီး စခန်းကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဇန်နဝါရီလ ၅ ရက် ယနေ့ ထုတ်ပြန် ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦးကျဆုံးခဲ့ကြောင်း ကော်သူလေး တပ်မ တော်၊ Lion-battalion ဗျုဟာ စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။

· ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဒေါင်းမင်း တပ်ဖွဲ့ပိုင် စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

· ရခိုင်ပြည်၊ လွတ်‌မြောက်ရေးပါတီ ALP မှ စစ်ဦးစီးချုပ် ၁ဦးနှင့် တပ်ရင်းမှူး ၁ဦး ဗိုလ်ကြီးအဆင့်ရှိသူ ၁ဦး စုစုပေါင်း ၃ဦးကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA လုပ်ကြံသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ယနေ့ ဇန်နဝါရီ ၅ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

· ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦးကျဆုံးခဲ့ကြောင်း ကော်သူလေး တပ်မ တော်၊ Lion-battalion ဗျုဟာ စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။

စစ်ကောင်စီ

· ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်များနှင့် ဖာပွန် မြို့နယ်ရှိ လုံခြုံ ရေးစခန်းတို့သို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

· စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်ရှိ မြေနီလျှိုလမ်းဆုံအနီးတွင် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းခံရကြောင်း စစ်ကောင်စီမီဒီယာများတွင် ဝါဒဖြန့်ဖော်ပြထားသည်။

· ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သန်းထောင်ရွာနှင့် ဘုရားနီရွာကြားတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားပြီး အင်းလေး PDF တပ်ရင်း ၁၀၀၉ တပ်ရင်းမှူး အပါအဝင် (၃) ဦး သေဆုံးကြောင်း စစ်တပ်ဝါဒဖြန့်ချိရေး မီဒီယာများတွင် ရေးသားထားသည်။

· မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀၀ ခန့်အကွာ၊ ပေါက်-ပခုက္ကူသွား ကားလမ်း၊ ယောချောင်း၊ ရေပြာတံတားတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၄ ရက် နံနက် ၅ နာရီ ၄၀ မိနစ် ခန့်တွင် PDF အဖွဲ့က သာလွန်အင်အားအသုံးပြု၍ လက်နက်ကြီး လက်နက်ငယ် များဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ထားသည်။

· KKO နှင့် PDF များ ပိတ်ဆို့ထားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက် စစ်တပ် စစ်ကြောင်းများ က ပြန်လည်ထိန်းချုပ်ထားပြီး ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၅ ရက် သုံးသပ်ချက်

· ကရင်ပြည်နယ်တွင် အထိနာအသေများနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုမှုများရှိ နေသော်လည်း စစ်ကောင်စီမှ ၎င်းတို့မသေကြောင်း စခန်းများ မသိမ်းခံရကြောင်း PDF များသာ သေနေကြောင်း ဓာတ်ပုံများနှင့် အလွန်အကျွံ့ လိမ်လည်ဝါဒဖြန့်မှုများရှိနေသည်။

· အကြမ်းဖက်စစ်ကောင်စီမှ စစ်ကိုင်း မကွေးဒေသခံများကို ဖိနှိပ်မှုများနှင့် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများ ရှိနေသော်လည်း အာဏာရှင်ဆန့်ကျင့်ဆန္ဒပြမှုများ အားကောင်းနေဆဲဖြစ်သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly