တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူအနားယူချိန်မှာ ဂိုးသွင်းစံချိန်တိုင်းကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကလပ်အသင်းနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ သွင်းဂိုးနဲ့အတူ ခရစ္စတယ်ပဲလေ့စ်ကို ၄-၀ နဲ့ အနိုင်ယူပြီးနောက် စပါးအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်လာဖို့ နောက်ထပ်သုံးဂိုးသာလိုပါတော့တယ်။
သွင်းယူခဲ့တဲ့ နှစ်ဂိုးက ကိန်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၅ ဂိုးအထိရှိလာစေပြီး သူ့ကို ၂၆၄ ဂိုးအထိ ရောက်စေခဲ့ပါတယ်။ ဒါဟာ ကွယ်လွန်သူ ဂျင်မီဂရေးဗ်ရဲ့ သွင်းဂိုးစံချိန်ကို လိုက်မီဖို့ နှစ်ဂိုးပဲလိုနေတာပါ။
ကိန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၉၈)ဂိုးရရှိထားပြီး သူ့အထက်မှာ အလန်ရှီးယား (၂၆၀) နဲ့ ဝိန်းရွန်နီ (၂၀၈) တို့သာ ရှိနေပါတယ်။
"ဟယ်ရီအကြောင်းပြောဖို့ တွေးနေတာ၊ သူက ဘယ်လိုကစားသမား အမျိုးအစားအကြောင်းဆိုတာ ရှင်းပြဖို့ ကျနော်တို့ အချိန်ဖြုန်းရာကျပါတယ်လို့ နည်းနည်းထင်မိတယ်"လို့ ကွန်တီက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်နောက်ပိုင်း စပါးအသင်း ပထမဆုံးနိုင်ပွဲရအပြီးမှာ ပြောပါတယ်။
"ကျနော် ထပ်ပြောပါမယ်၊ ကျနော်တို့က တကယ့်ကို ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးတစ်ယောက်အကြောင်း ပြောနေတာဖြစ်ပြီး သူက စံချိန်တိုင်းကို ဂိုးတွေနဲ့ ကျော်ဖြတ်သွားမှာပါ။"
ကိန်းဟာ သူ့ရဲ့ ခိုင်မာကြံ့ခိုင်တဲ့ စိတ်ဓာတ်အပေါ် အခြေခံပြီး မှတ်တိုင်အသစ်တွေ စိုက်ထူမယ်လို့ ကွန်တီက သူ့ယုံကြည်ချက်ကို ပြောပါတယ်။
ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ကိန်း ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ပြင်သစ်တို့ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ သူသာ နှစ်လုံးမြောက် ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲခဲ့မယ်ဆိုရင် အင်္ဂလန်ရဲ့ စံချိန်တင်ဂိုးသွင်းရှင် ဖြစ်လာမှာပါ။
သူဟာ စပါးအသင်းဖော် ဟူဂိုလိုရစ်ကို ပထမပင်နယ်အလုံး ကန်သွင်းရာမှာ အမှားအယွင်းမရှိခဲ့တာက ဝိန်းရွန်နီရဲ့ ၅၃ ဂိုးစံချိန်ကို လိုက်မီစေခဲ့ပါတယ်။
“သူက ဂိုးအတွက်တင်မကဘဲ ကွင်းထဲမှာရော ကျနော်တို့ရဲ့ အသင်းခေါင်းဆောင် ဟူဂို (လိုရစ်) နဲ့ပါ ကျနော်တို့အတွက် အရေးပါတဲ့ ကိုးကားရာတစ်ခုပါ”လို့ ကွန်တီက ပြောပါတယ်။
"အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ ဟယ်ရီ၊ သူက တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ အသင်းဖော်တွေကို ကူညီဖို့ အဆင်သင့်ဖြစ်နေပြီ၊ အခြေအနေကို ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ခင်ဗျား (သတင်းထောက်တွေ)သိမှာပါ။
“ဒီနည်းလမ်းအတိုင်း ရှေ့ဆက်ဖို့၊ အခြေအနေတိုင်းကို အကောင်းမြင်စိတ် ဒါမှမဟုတ် အဆိုးမြင်စိတ်၊ သဘောထားကြီးကြီး၊ စိတ်ဓာတ်ကောင်းတွေနဲ့ အမြဲတမ်း ရင်ဆိုင်ဖို့၊ ဒီကာလမှာနဲ့ ကမ္ဘာ့ဖလားမစတင်ခင်မှာလည်း ကျနော် ထင်ထားတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ပါပဲ။”
တော့တင်ဟမ်ရဲ့ နိုင်ပွဲက သူတို့ကို အဆင့်လေးနေရာက တစ်ပွဲကျန် မန်ယူအောက် နှစ်မှတ်လျော့ ရပ်တည်စေပါတယ်။
ကိန်းဟာ တော့တင်ဟမ်ရဲ့ စံချိန်ကို အခုသီတင်းပတ် နှောင်းပိုင်းမှာ သူတို့ရဲ့ FA ဖလား တတိယအကျော့ ပို့စ်မောက်နဲ့ အိမ်ကွင်းမှာ ချိုးဖျက်နိုင်ဖွယ် ရှိနေပါတယ်။
ဒါပေမယ့်လည်း ကွန်တီဟာ ကလပ်ရဲ့ လာမယ့်လိဂ်ပွဲစဉ်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ မြောက်လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ဇယားထိပ်ဆုံးက အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ကစားရမှာမို့ သူ့ကို အနားပေးလိုဖွယ်ရှိပါတယ်။
(AFP)