မတူပီမြို့အခြေစိုက်တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားသေဆုံး

By ပါခွီး (မဇ္ဈိမ)
05 January 2023
မတူပီမြို့အခြေစိုက်တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားသေဆုံး

မဇ္စျိမ ။။ ချင်းပြည်နယ် ၊ မတူပီမြို့အခြေစိုက် တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးသွားပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၄ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်အချိန်တွင် မတူပီမြို့အခြေစိုက် ခလရ (၃၀၄) တပ်ရင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်မှ ည ၈နာရီအချိန်ထိ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ၏ တာဝန်ရှိသူများကို အသေးစိတ်သိနိုင်ရန် မဇ္စျိမ အနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ ။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသည်မှာ သုံးလ ကျော်ခန့်တွင် ယခုပြန်လည် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ချင်းကာကွယ်ရေးတပ်ဖွဲ့
#စစ်ကောင်စီတပ်
#မတူပီမြို့နယ်
#တိုက်ပွဲများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required