စစ်ကောင်စီ၏လေကြောင်းမှတိုက်ခိုက်မှုကြောင့် ကရင့်လက်နက်ကိုင်ပူးပေါင်းတပ် ကြာအင်းဆိပ်ကြီးမှ ပြန်လည်ဆုတ်ခွာ

By သွင်ထူးဈာန် (ကော်သူးလေ)
05 January 2023
စစ်ကောင်စီ၏လေကြောင်းမှတိုက်ခိုက်မှုကြောင့် ကရင့်လက်နက်ကိုင်ပူးပေါင်းတပ် ကြာအင်းဆိပ်ကြီးမှ ပြန်လည်ဆုတ်ခွာ

(မဇ္ဈိမ)။ ။ကရင်ပြည်နယ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခမရ (၂၈၃)၊ ခမရ(၂၈၄)နှင့် ခလရ(၃၂) တပ်ရင်းတို့ကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်မှ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA အရာရှိတစ်ဦးထံ မှ သိရသည်။

“ကျနော်တို့ အထဲအထိသိမ်းပိုက်နိုင်ခဲ့တယ်။ သူတို့ တပ်ရင်းကျသွားတော့ စကစဘက်က လေကြောင်း ပစ်ကူ အများကြီးသုံးတယ်။ ကျနော်တို့ကတိုက်ရုံပဲ သိမ်းစရာမလိုဘူး။ အဲဒီတော့ နောက်ဆုတ်ပေးလိုက် တယ်။ အကျအဆုံးက နှစ်ဖက်လုံးရှိတယ်။ သူတို့ဘက်ကတော့ အကျများတာပေါ့၊ အရာရှိပိုင်းတွေလည်း ပါတယ်”ဟု KNLA အရာရှိတစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး၊ အရာရှိများ၊ အခြားအဆင့်များ ၃၀ ကျော်သေဆုံးခဲ့ကြောင်း မြေပြင်စစ်သတင်းများအရ သိရသည်။ ယင်းတိုက်ပွဲတွင် ဒေသခံသုံးဦ သေဆုံးခဲ့ ပြီး ရှစ်ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း မှ အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။ ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် ကရင့်လက်နက်ကိုင် ပူးပေါင်းတပ် မှ ခြောက်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်တောင်စွန်းကျေးရွာအနီးရှိ စစ်ကောင်စီလက် အောက်ခံ BGF စခန်းကုန်းသုံးခုကို ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်း နှစ်ခုကိုသိမ်းယူနိုင်ခဲ့သည်။ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုမူ ကရင့်လက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ ထုတ်ပြန် ထားခြင်း မရှိသေးပေ။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးတိုက်ပွဲ
#ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်
#KNLA

5:38 PM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly