ပါကစ္စတန်ဆန္ဒပြသူများက တရုတ်လူမျိုးများအား ဂွါဒါဆိပ်ကမ်းဧရိယာမှ ထွက်ခွာရန် ခြိမ်းခြောက်

By ANI
05 January 2023
ပါကစ္စတန်ဆန္ဒပြသူများက တရုတ်လူမျိုးများအား ဂွါဒါဆိပ်ကမ်းဧရိယာမှ ထွက်ခွာရန် ခြိမ်းခြောက်

ပါကစ္စတန်နိုင်ငံ ဂွါဒါအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် မော်အန်နာဟီဒါယက်အာရာမန်က တရုတ်နိုင်ငံသားများအား ဆိပ်ကမ်းမှ ထွက်ခွာသွားကြရန် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း The Maritime Executive တွင် ဖော်ပြထား သည်။

 မော်အန်နာက အစိုးရအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို လျစ်လျူရှုပါက ဆန္ဒပြပွဲတွင် ပါဝင်သူများသည် မိမိတို့၏ အခွင့်အရေးများကို ကာကွယ်ရန် လက်နက်များကို ဆွဲကိုင်ကာအသုံးပြုခွင့်ရှိကြောင်း ဂွါဒါတွင် နေထိုင်သောတရုတ်နိုင်ငံသားများကို ခြိမ်းခြောက်ခဲ့သည်။ 
ဂွါဒါဆိပ်ကမ်းဝင်းအတွင်းတွင် နေကြသည် တရုတ်လူမျိုး ၅၀၀ အောက်ရှိကြောင်း Asia Lite International သတင်းဌာနက ဖော်ပြခဲ့သည်။  အာရှတွင် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အတွက် အဓိကကျသောအရာဖြစ်သည့်  ပါကစ္စတန်၏ ဂွါဒါဆိပ်ကမ်း တိုးချဲ့မှုအပေါ် ဆန္ဒပြမှုများသည် ဆက်လက် အရှိန်မြှင့်နေပြီး တရုတ်နှင့် ပါကစ္စတန်အကြား စီးပွားရေး ဆက်ဆံမှုကို ထိခိုက်နိုင်သည်ဟု The Maritime Executive သတင်းဌာနကက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသားများသည် ပါကစ္စတန်ရှိ မတူညီသော စစ်သွေးကြွ အုပ်စုများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး မကြာသေးမီက တရုတ်နိုင်ငံသားများအပေါ် ပတ်မှတ်ထားတိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။ ဂွါဒါတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ကြီးထွားလာခြင်းသည် CPEC စီမံကိန်းများ၏ တိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။
ဂွါဒါးအခွင့်အရေးလှုပ်ရှားမှုနှင့်အတူ ရာမန် ဦးဆောင်သော ဆန္ဒပြမှုများသည် ၂လခန့် ကြာမြင့်ပြီဖြစ်သည်။ ဆန္ဒပြပွဲများတွင် အဓိကအားဖြင့် ဂွါဒါဆိပ်ကမ်းဝင်ပေါက်နှင့် ပါကစ္စတန်၏ အဓိက အဝေးပြေးလမ်းမကြီး ကွန်ရက်နှင့် ဆိပ်ကမ်းကို ဆက်သွယ်ပေးသော အဓိက သွေးကြောဖြစ်သည့် ဂွါဒါးအရှေ့ပင်လယ်အောင်လမ်းမ တို့ကို ပိတ်ဆို့ထားမှုများနှင့်ပတ်သက်ကြောင်း The Maritime Executive ကဖော်ပြခဲ့သည်။
ဆန္ဒပြသူများသည် အီရန်နှင့် တရားဝင်နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချုပ်ချယ်မှုများကို ဖြေလျှော့ပေးစေလိုသည်။ ထိုတောင်းဆိုချက်များသည် ဂွါဒါရှိ တရုတ်စီမံကိန်းများနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း အဆိုပါ ဖွင့်ဖြိုးတိုးတတ်‌ရေးစီမံကိန်းများသည် ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဒေသခံများက ယုံကြည်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ 
တရုတ်နိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်သည့် ရာမန်၏ ဆုံးဖြတ်ချက်သည် ပါကစ္စတန် အစိုးရကို စေ့စပ်ညှိနှိုင်းမှုလုပ်ဆောင်ရန် တွန်းအားပေးသည့် အရွေ့တစ်ခုအဖြစ် ရှုမြင်ရကြောင်း The Maritime Executive ကဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသားများသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ၏ ပစ်မှတ် ဖြစ်လာခဲ့သည်။ တိုက်ခိုက်မှုများအနက် ၂၀၂၁ ခုနှစ် ဇူလိုင်လက Dasu ‌‌ရေအားလျှပ်စစ်စီမံကိန်းသို့ လာသည့် ဘတ်စ်ကား‌ကို ဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်အလုပ်သမား ၉ ဦးထက်မနည်း သေဆုံးခဲ့သည်။ 
ထိုခြိမ်းခြောက်မှုများကြောင့် တရုတ်သည် ၎င်းနိုင်ငံသားများအတွက် လုံခြုံရေးအာမခံချက်ပေးရန် ပါကစ္စတန်ကို ဖိအားပေးခဲ့ရသည်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘက်ဇ် ရှာရဖ်သည် ပြီးခဲ့သည့် လက တရုတ်သို့ သွားရောက်စဉ် ပါကစ္စတန်ရှိ တရုတ်လူမျိုးများ၏ လုံခြုံရေးကိစ္စကိုလည်း ဆွေးနွေးခဲ့သည်။
ပါကစ္စတန်သည် တရုတ်နှင့် အထူးစီးပွားဆက်ဆံရေးကို ပြုလုပ်လိုပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်း (CPEC) ကို BRI ၏ အထွဋ်အမြတ်ရတနာ အဖြစ်သတ်မှတ်ထားသည်။ တရုတ်သည် ဂွါဒါရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ဗဟိုအာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများရှိ စျေးကွက်များသို့ အတိုဆုံးလမ်းကြောင်းဖြင့် ဝင်ရောက်နိုင်မည်ဖြစ်သည်။
တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) သည် အဝေးပြေးလမ်းများ၊ ရထားလမ်များနှင့် အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ ဂွါဒါဆိပ်ကမ်းသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အခရာဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly