အမေရိကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေး

By ANI
05 January 2023
အမေရိကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းနှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုအတွင်း အမေရိကန်-တရုတ် ဆက်ဆံရေးနှင့်  ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်ထားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဘလင်ကန်က “ရာထူးတာဝန်သစ်ထမ်းဆောင်ဖို့ အမေရိကန်ကနေ ထွက်ခွါသွားတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် ကျင်ဂန်းနဲ့ ဒီမနက်မှာ ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ အမေရိကန်-တရုတ်ဆက်ဆံရေးနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဆက်ဖွင့်ထားဖို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု Twitter တွင် ရေးသားခဲ့သည်။ 
တရုတ်သည် ဒီဇင်ဘာ ၃၀ ရက်က  အမေရိကန်ဆိုင်ရာသံအမတ်ကြီး ကျင်ဂန်းကို နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း တရုတ်အစိုးရ မီဒီယာများက‌ ဖော်ပြခဲ့သည်။ 
ထိုဆုံးဖြတ်ချက်ကို ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီက ဒီဇင်ဘာ ၃၀ ရက်နေ့က ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း   Global Times သတင်းတွင် ဖော်ပြထားသည်။ 
အသက် ၅၇ နှစ်အရွယ် ကျင်ဂန်းသည် ဝမ်ယိ၏ နေရာကို ဆက်ခံခြင်းဖြစ်ပြီး ဝမ်ယိသည် ယခုအခါ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly