အမေရိကန်ရောက် ဟောင်ကောင်လူ့အခွင့်အရေး လှုပ်ရှားသူများက နေထိုင်ခွင့်သက်တမ်းတိုးပေးရေး တောင်းဆို

By RFA
05 January 2023
အမေရိကန်ရောက် ဟောင်ကောင်လူ့အခွင့်အရေး လှုပ်ရှားသူများက နေထိုင်ခွင့်သက်တမ်းတိုးပေးရေး တောင်းဆို

အတိုက်အခံများကို ဖမ်းဆီးမှုကြောင့် ဟောင်ကောင်မှ ထွက်ပြေးလာသည့် ဒါဇင်နှင့်ချီသော ဟောင်ကောင်လူ့ အခွင့်အရေးအဖွဲ့ဝင်များနှင့် ဆန္ဒပြသူများက ၎င်းတို့အား နေရပ်ပြန်ပို့မည့်ရက်ကို သက်တမ်းတိုးပေးရန် အမေရိကန်အစိုးရကို တောင်းဆိုလိုက်သည်။

အခွင့်အရေးလှုပ်ရှားမှုအဖွဲ့နှင့် လူ့အခွင့်အရေးအဖွဲ့ ၅၀ ကျော်က သမ္မတဂျိုးဘိုင်ဒင်ထံ အိတ်ဖွင့်ပေးစာ တစ်စောင်ရေးသားခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော နေရပ်ပြန်ပို့မည့် နောက်ဆုံးရက်ကို သက်တမ်းတိုးပေးရန် အစိုးရအဖွဲ့ကို တောင်းဆိုခဲ့သည်။
“ဟောင်ကောင်မှာ နိုင်ငံရေးမတည်မငြိမ်မှုတွေက အရှိန်နှေးသွားမယ့် အရိပ်အယောင် မရှိပါဘူး” ဟု ယင်းစာတွင် ဖော်ပြထားသည်။ 
ဟောင်ကောင်တွင် လက်ရှိထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၁၂၈၃ ဦးရှိပြီး နောက်ထပ်ဖမ်းဆီး ခံရသူ အများအပြားရှိနေကာ တရားစွဲဆိုမှုကို စောင့်ဆိုင်းနေကြရသည်။
နယူးယောက်၊ ကယ်လီဖိုးနီးယား၊ ဘော့စတွန်၊ အရီဇိုးနား၊ ရှီကာဂိုနှင့် အမေရိကန်တစ်ဝန်းမှ အဖွဲ့များက လက်မှတ်ရေးထိုးခဲ့သည့် စာတွင် အမေရိကန်ရှိ ဟောင်ကောင်သားများကို ပိုမိုအကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းရေးအတွက် အမေရိကန်အစိုးရကို တောင်းဆိုထားသည်။
" လူလတ်ပိုင်းအရွယ် သူစိမ်းယောကျ်ားလေးတွေ ကျွန်မနောက်က လိုက်လာပြီး ပေါ်တင်ပဲ ဓာတ်ပုံလာရိုက် ပါတယ်။ ကျွန်မ အလုပ်လုပ်တဲ့ အတိုင်ပင်ခံဆေးခန်းအဆောက်အဦရဲ့ဧည့်ခန်းမှာ သူတို့က ကျွန်မကို စောင့်နေကြပါတယ်။ 
“ကျွန်မလို လူသိနည်းတဲ့ ဆန္ဒပြသူတွေတောင် ဒီနည်းနဲ့ နှောင့်ယှက်ခံနေရပါတယ်” ဟု ဟောင်ကောင်ဆန္ဒပြသူ မက်ဂီလမ်က Radio Free Asia သို့ ပြောကြားခဲ့သည်။
မက်ဂီလမ်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဟောင်ကောင်မှ ထွက်ပြေးခဲ့ပြီး ခရီးသွားဗီဇာဖြင့် အမေရိကန်သို့ ရောက်ရှိခဲ့သည်။ ဖိအားပေးထွက်ခွါစေမှုအပေါ်အကာအကွယ်ပေးရေးမူဝါဒကြောင့် သူမသည် အမေရိကန်တွင် ယင်းအချိန် ကတည်းက နေထိုင်ခွင့်ရခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly