ဆက်ဆံရေးတင်းမာနေချိန် တရုတ်နှင့်သဘောတူစာချုပ်များ ချုပ်ဆိုရန် ဖိလစ်ပိုင်သမ္မတ ကြိုးပမ်းနေ

By Devdiscourse
04 January 2023
ဆက်ဆံရေးတင်းမာနေချိန် တရုတ်နှင့်သဘောတူစာချုပ်များ ချုပ်ဆိုရန် ဖိလစ်ပိုင်သမ္မတ ကြိုးပမ်းနေ

တောင်တရုတ်ပင်လယ်တွင် ပိုင်နက်နယ်မြေကိစ္စအငြင်းပွားနေသော်လည်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် လာမည့်သီတင်းပတ်တွင် တရုတ်အစိုးရနှင့် သဘောတူညီချက်အများအပြား လက်မှတ်ရေးထိုးရန် မျှော်လင့်နေကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားလိုက်သည်။

လယ်ယာစိုက်ပျိုးရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နီကယ်ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် တံတားတည် ဆောက်ရေးအပါအဝင် စီမံကိန်းအများအပြားကို ဆွေးနွေးလျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မားကို့စ်၏ ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ ခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်နှင့်  တွေ့ဆုံမည် ဖြစ်သည်။
တရုတ်သည် ဖိလစ်ပိုင်နိုင်ငံခြားကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့် နေရာယူထားပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အဓိကရင်းမြစ်လည်းဖြစ်သည်။
စီးပွားရေးဆက်ဆံမှုများရှိနေသော်လည်း အနောက်ဖိလစ်ပိုင်ပင်လယ်ဟု ဖိလစ်ပိုင်အစိုးရက ရည်ညွှန်းသော မဟာဗျူဟာအရ အရေးပါသည့် တောင်တရုတ်ပင်လယ်ရှိ ကျွန်းများနှင့် ရေပိုင်နက်ဆိုင်ရာ တရုတ်၏ တောင်းဆိုမှုများနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးက အကြိမ်ကြိမ် ငြင်းခုံခဲ့ကြသည်။
ခရီးစဉ်အတွင်း ၂ ဖက်သံတမန်များအကြား မှားယွင်းတွက်ချက်မှုများ ရှောင်ရှားနိုင်ရေးအတွက် အဆင့်အသီးသီးရှိ သံတမန်များအကြား ဆက်သွယ်မှု တိုးမြှင့်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဌာန အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နာသန်ရယ် အင်ပီရီရယ်၏ ပြောကြားချက်ကို ထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြထားသည်။
ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့ကလည်း ပင်လယ်ပြင်၏ အစိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို ပိုင်ဆိုင်ကြောင်း တောင်းဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required