တရုတ်အိမ်ခြံမြေစျေးနှုန်းများ ဒီဇင်ဘာလတွင် အလျင်အမြန် ကျဆင်းခဲ့ကြောင်း စစ်တမ်းတစ်ရပ်၌ ဖော်ပြ

By Reuters    
04 January 2023
တရုတ်အိမ်ခြံမြေစျေးနှုန်းများ ဒီဇင်ဘာလတွင် အလျင်အမြန် ကျဆင်းခဲ့ကြောင်း စစ်တမ်းတစ်ရပ်၌ ဖော်ပြ

တရုတ်နိုင်ငံ၏ အိမ်ခြံမြေစျေးနှုန်းများသည် ဒီဇင်ဘာလတွင် အလျင်အမြန် ကျဆင်းခဲ့ကာ ကူညီထောက်ပံ့ရေးစီမံချက်များ ပြဋ္ဌာန်းပေးခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန်တွင် ဝယ်လိုအားနည်းဆဲဖြစ်ကြောင်း ပြသလျက်ရှိသည်ဟု  ဇန်နဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် ပုဂ္ဂလိက စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

တရုတ်၏ အိမ်ခြံမြေဈေးကွက်အကျပ်အတည်းသည် ယခုနှစ်နွေရာသီတွင် ပိုမိုဆိုးရွားလာပြီး တရားဝင်အချက်အလက်များအရ အိမ်ခြံမြေ စျေးနှုန်း၊ ရောင်းအားနှင့် ရင်းနှီးမြှုပ်နှံမှုအားလုံးသည် ပြီးခဲ့သည့်လများအတွင်း ကျဆင်းနေကာ ယိမ်းယိုင်နေသော စီးပွားရေးအပေါ် ဖိအားထပ်တိုးလာစေသည်။ 
မြို့ကြီးပေါင်း ၁၀၀ ရှိ အိမ်ခြံမြေဈေးနှုန်းများသည် နိုဝင်ဘာလက ၀ ဒသမ ၀၆ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ဒီဇင်ဘာလတွင် ၀ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် ၆ လဆက်တိုက် ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ၏ အကြီးဆုံးသော လွတ်လပ်သော အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုသုတေသနကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် China Index Academy (CIA) ၏ စစ်တမ်း၌ ဖော်ပြထားသည်။
မြို့ကြီး ၁၀၀ အနက် ၅၇ မြို့တွင် နိုဝင်ဘာလက  လအလိုက် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုရှိခဲ့ပြီး ဒီဇင်ဘာလတွင် ၆၈ မြို့၌ ဈေးနှုန်းကျဆင်းမှုများရှိကြောင်း စစ်တမ်းက ပြသနေသည်။
အိမ်ခြံမြေကုမ္ပဏီများအား အထိနာစေကာ အိမ်ရာစီမံကိန်းများစွာ ပြီးစီးရေးကို နှောင့်နှေးစေခဲ့သလို ဝယ်ယူသူများ၏ ယုံကြည်မှုအပေါ် အဟန့်အတားဖြစ်စေခဲ့သည့် ငွေပေါ်လွယ်မှုထိန်းချုပ်ခြင်းအား ဖြေလျှော့သည့်နေဖြင့် တရုတ်သည်  ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အိမ်ခြံမြေနယ်ပယ်အတွက် ထောက်ပံ့မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။၊
ထိုလုပ်ဆောင်ချက်တွင် စာရင်းပြုစုထားသော အိမ်ခြံမြေကုမ္ပဏီများအတွက် ရှယ်ယာဖြင့် ရန်ပုံငွေထည့်ဝင်မှုအပေါ်တားမြစ်ချက်အား ရုပ်သိမ်းပေးခြင်းလည်း ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly