ပါကစ္စတန်တွင် နှစ်သစ်ကူးည အောင်ပွဲခံပစ်ခတ်မှုအတွင်း လူ ၂၂ ဦး ဒဏ်ရာရ

By ANI
04 January 2023
ပါကစ္စတန်တွင် နှစ်သစ်ကူးည အောင်ပွဲခံပစ်ခတ်မှုအတွင်း လူ ၂၂ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံတွင် နှစ်သစ်ကူးပွဲတော်ကျင်းပချိန်၌ အောင်ပွဲခံ သေနတ်ပစ်ခတ်မှုအတွင်း ကျည်ထိမှန်မှုကြောင့် လူ ၂၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Geo News က ဖော်ပြသည်။ 

ကရာချိမြို့နေရာအနှံ့အပြားတွင် သေနတ်မိုးပေါ်ထောင် ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး များအပါအဝင် လူအမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့သည်။
လက်နက်များကိုင်ဆောင်ခြင်းကို တားမြစ်ထားသော်လည်း ၂၀၂၃ နှစ်သစ်သို့ ရောက်ရှိခြင်းအထိမ်းအမှတ် ည ၁၂ နာရီထိုးချိန်တွင် ဆိပ်ကမ်းမြို့တော် ကရာချိ၌ တရစပ် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရသူ ၈ ဦးအား ပြည်သူ့ဆေးရုံသို့လည်းကောင်း ၊ တခြား ၄ ဦးအား ဂျင်းနာ့ဟ်ဆေးရုံသို့ လည်းကောင်း၊ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ဒဏ်ရာရသူ ၁၀ ဦးကို အက်ဘာစီရှာဟိဒ်ဆေးရုံသို့ လည်းကောင်း အသီးသီးပို့ဆောင်ခဲ့ရသည်ဟု ဆေးရုံသတင်းရင်းမြစ်များက ပြောသည်။
 စုစုပေါင်း လူ ၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအရင်းအမြစ်များထံမှ သိရှိရကြောင်း Geo News က ဖော်ပြခဲ့သည်။ 
ထို့ပြင် ရဲတပ်ဖွဲ့သည်  ကိုရန်ဂျီမြို့တွင် မိုးပေါ်သေနတ်ထောင်ပစ်သူ ၃ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး အသက်အန္တရာယ်ပြုရန်ကြိုးပမ်းအားထုတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။
ဥပဒေစိုးမိုးရေးအဖွဲ့များသည် မြို့အတွင်း၌ လူဆိုး ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly