“မြန်မာအစ တကောင်းက ကျည်အတောင့် တစ်ထောင်ဝိုင်းကူကြ” တကောင်း ပကဖ ဖိတ်ခေါ်

By ပါခွီး (မဇ္ဈိမ)
03 January 2023
“မြန်မာအစ တကောင်းက ကျည်အတောင့် တစ်ထောင်ဝိုင်းကူကြ” တကောင်း ပကဖ ဖိတ်ခေါ်

မဇ္စျိမ ။။ မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ တကောင်းမြို့တွင် စစ်အာဏာရှင်အမြစ်ဖြတ်ရေး တိုက်ပွဲဝင်လျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ “မြန်မာအစ တကောင်းက ကျည်အတောင့် တစ်ထောင်ဝိုင်းကူကြ” ရန်ပုံငွေ ကံစမ်းမဲကို ဝိုင်းဝန်းကူညီ ပါဝင်ကြရန်ဖိတ်ခေါ်လိုက်သည်။

စစ်အာဏာရှင်စစ်တပ်ကို အံတုတိုက်ခိုက်နိုင်ရေးအတွက် ကျည်လိုအပ်ပြီး ကျည်ဆန်တစ်တောင့်လျှင် မြန်မာငွေကျပ် ၅,၀၀၀(ငါးထောင်) ဖြစ်ပြီး ၎င်းနှင့် ငွေ ပမာဏတူ မဲလက်မှတ်တစ်စောင်လျှင် ၅,၀၀၀ကျပ်ဖြင့် သတ်မှတ်ထားကြောင်းဆိုသည်။

ကျည်ဆန် ၁,၀၀၀ တန်ဖိုးပြည့်သည့် အချိန်အထိ ရက်အကန့်အသတ်မရှိ ရောင်းချသွား မည်ဖြစ်ပြီး သတ်မှတ်ချက်ပြည့်မီပါက တကောင်းပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့ ဝင်များမှ ဒေါက်တာတေဇာစန်း၏ ပုံတူ ပန်းချီကားကို တိုက်ရိုက်ထုတ်လွှင့် မဲနှိုက်သွား မည်ဖြစ်ကြောင်းသိရသည်။

“ခဲပန်းချီယူ ရဲဘော်ကူ” အဆိုပါ ရန်ပုံငွေရှာပွဲတွင် မဲပေါက်သူထံသို့ ဒေါက်တာ တေဇာစန်း၏ ပုံတူပန်းချီကားကို မှန်ဘောင်နှင့် လျှို့ဝှက်စွာ စိတ်တိုင်းကျ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဖိတ်ခေါ်ချက်တွင် ဖော်ပြထားသည်။

တကောင်းမြို့သည် မြန်မာလူမျိုးများ စတင်ပေါ်ပေါက်လာသည့် နေရာဒေသတစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု အငွေ့အသက်များနှင့် ရှေးဟောင်းအမွေအနှစ်များရှိသော နယ်မြေသည် လာဘ်စားမှု ၊ ရက်စက်စွာသတ်ဖြတ်မှုများနှင့်အတူ လူငယ်များ၏ သွေးများစွန်းထင်းလာကြောင်းဆိုသည်။

ယခင်ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြန်လည်ဖြစ်မြောက်နိုင်ရေးအတွက် စစ်အာဏာရှင်ကို အသက်စွန့်တိုက်ထုတ်ပြီး ပြန်လည်ရယူနိုင်ရန် လိုအပ်သော ကျည်ဆန်များပါဝင်ကူညီထောက်ပံ့ကြရန် တိုက်တွန်း ဖိတ်ခေါ်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required