နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃ ဇန်နဝါရီ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃ ဇန်နဝါရီ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· ငွေကြေးသုံးစွဲမှုအပိုင်းတွင် အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ရန်၊ အလေအလွင့် မရှိအောင် သုံးစွဲနိုင်ရန်နှင့် စာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုကိုတိတိကျကျ ခံယူရန်လိုကြောင်း ယာယီသမ္မတ ပြောကြားသည်။

· မြို့နယ် ပ.အ.ဖ အဖွဲ့ဝင်များက မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများနဲ့ လိုအပ်ချက်များ အစရှိခြင်းများကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ကြသည်။

· “ကုန်လွန်သွားသည့် ၂၀၂၂ ခုနှစ်အတွင်း PDF တပ်မျာ၏ စုဖွဲ့မှု၊ လေ့ကျင့်မှု၊ လက်နက်တပ်ဆင်မှုများကို အလေးထားဆောင်ရွက်ခဲ့ပြီး အခု ၂၀၂၃ မှာတော့ ERO မဟာမိတ်များနှင့် လက်တွဲပြီး တိုက်ခိုက်ရေး စွမ်းရည်ကို အရှိန်မြှင့်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က BNN သတင်းဌာန၏ သီးသန့်အင်တာဗျူးတွင် ပြောထားသည်။

· အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များအားလုံး အပြောနှင့် အလုပ် ညီအောင် ပြုမူကျင့်ကြံကြိုးစားကြရန် အထူးတိုက်တွန်းလိုက်ပြီး ၂၀၂၃ ခုနှစ်တွင်လည်း ယခင် နှစ် ဟောင်းကဲ့သို့ အလုပ်နှင့် သက်သေပြကြရမည်ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ညွှန်ကြားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း တန့်ဆည် ပကဖ အဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် လက်ဖက်ရည်ထွက်သောက်သည့် စစ်သားများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· ယင်းမာပင်မြို့နယ် မြောက်ပိုင်း ဒေသခံ ပြည်သူများ ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ရွှေဘိုခရိုင် အမှတ် ၁၈တပ်ရင်း (၀က်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု) နယ်မြေအတွင်း ၌ အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် ကျေးရွာများသို့ ၂၀၂၃ ဇန်နဝါရီ ၁၊၂ ရက်နေ့များတွင် သွားရောက်၍ တပ်ရင်းမှူးဗိုလ်စွန်ရဲ၊ တပ်ရင်း ဆေးတပ်ဖွဲ့နှင့် မြို့နယ်ကျန်းမာရေး တာ၀န်ခံများ၊မြို့နယ်လူသားစာနာတာ၀န်ခံများ၊ ရပ်/ကျေး ပအဖ၊ပကဖ၊ပလဖ များပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးရန်လိုအပ်နေသော လူနာ ၁၉၅ ဦးကို ကျန်းမာရေးစောင့်ရှောက်ကု သမှုများပြုလုပ်ခဲ့သည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ဇန်နဝါရီလ ၃ ရက်နေ့တွင် ဆက်လက်ပြုလုပ်ကြသည်။

· မန္တလေးတွင် အသံမတိတ် အလံမလိပ်သည့် ပြည်/ခွန်သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် တော်လှန်ရေး အင်အားစုများ- KMD18 မှ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ရန်ကုန်တိုင်း၊ တွံတေးမြို့မှ နိုင်ငံရေးအကျဉ်းသူဟောင်း မချိုဇင်၏ မိသားစုဝင်များကို အကြမ်းဖက် စစ်ကောင်စီက ဓားစာခံဖမ်းဆီးပြီး အမြင့်ဆုံးထောင်ဒဏ်များချမှတ်ခဲ့ကြောင်း နီးစပ်သူမိသားစုဝင် များကပြောသည်။

· ရန်ကုန်တွင် North Dagon Oppressed People's Strike Colition-NDOPSC မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မကွေတိုင်း၊ မြိုင်မြို့နယ်နှင့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်ခိုက်ံရပြီး ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

· တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တပိုကျေးရွာအနီးတွင် ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် ပုလောမြို့နယ်မှ မြိတ်မြို့နယ်သို့ ဆင်းလာသော စစ်ကောင်စီတပ်ယာဉ်တန်းကို Palaw KPDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက နုတ်ထွက်စာတင်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြန်လည် တာဝန်ထမ်းဆောင်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA ) က ခေါ်ယူပြီး တိုက်တွန်းခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

· ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံမှ သိရသည်။

· လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ကျန်းမာရေးအခြေအနေကြောင့် ယာယီ တာဝန်အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

· မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် အသစ်သည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် EAOs (၇) ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

· မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၆၁၁) မှ တိုင်းရင်းသား တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုသင်တန်းဆင်းပွဲ၊ သေနတ်များ ပေးအပ်ပွဲနှင့် တပ်မဟာတည်ထောင်ခြင်း ပထမနှစ်ပတ်လည် အခမ်းအနား ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

· ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီ၏ တတိယမြောက် စခန်းကုန်းကို သိမ်းပိုက်နိုင်ရန် ကြိုးစားနေကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းဖြင့် ပူးပေါင်းတပ်ဖွဲ့များက ထုတ်ပြန်သည်။

· အကြမ်းဖက်စစ်တပ်အာဏာလုပ် ၂ နှစ်ပြည့်ထောက်ခံပွဲ မိုက်ကယ်ကျော်မြင့်ဦးဆောင်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

· စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆင်ဖြူတော်ပုံပါတဲ့ ရွှေဒင်္ဂါးတွေ ဇန်နဝါရီ ၅ ရက်နေ့စပြီး ဝယ်ယူနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်သည်။

· အခွန်ရှောင်တိမ်းမှု (Tax Evasion) ကို ကျူးလွန်သူတွေကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေအရအရေးယူ သွားမှာဖြစ်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း အရေးယူသွားမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရှိရသည်။

ဇန်နဝါရီ ၃ ရက် သုံးသပ်ချက်

· တရုတ်ကိုယ်စားလှယ်အသစ်က နွေဦးတော်လှန်ရေးတွင် ပါဝင်ပြီးစစ်ကောင်စီကို တိုက်ခိုက်နေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံသည့် သတင်းထွက်ပေါ်လာသည်။ယခင်က မြန်မာ့အရေးကို အာရုံမထားသည့် တရုတ်မှ အမေရိကန်၏ နွေဦးတော်လှန်ရေးကို ကူညီမည့် ဥပဒေထွက်လာပြီးနောက် ရုတ်တရက်ဆိုသလို အထူးကိုယ်စားလှယ်သစ် ထွက်ပေါ်လာခြင်းဖြစ်သည် ။အာဏာရှင်ဖြုတ်ချရေးနွေဦး တော်လှန်ရေးကို တရုတ်က နှောက်နှေးအောင်လုပ်မည်ဟု ယူဆရဖွယ်ရှိနေသည်။

· မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ရှိ တိုင်းရင်းသားတပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးပြီး လက်နက်များတပ်ဆင်ပေးသည့် အခမ်းအနားသတင်းဓာတ်ပုံများ ထွက်ပေါ်လာပြီး ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် ယခုနှစ်တွင် နွေဦးတော်လှန်ရေး အားကောင်းလာဖွယ် ရှိနေသည်။

· စစ်ကောင်စီမှလည်း လေကြောင်းအားကိုးဖြင့် စစ်ကိုင်း ၊မကွေး၊ ချင်းပြည်နယ်၊ကရင်နီ၊ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် အပြင်းအထန် ဗုံးကျဲတိုက်ခိုက်မှုများလုပ်နေသလို မြေပြင်တွင်လည်း ရွာများကို မီးရှို့ကာ မီးကုန်ယမ်းကုန် အကြမ်းဖက်သောင်းကျန်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly