ကရင်နီပြည်မှာ ကျောင်းသူ/ကျောင်းသား ၂၀၀ကျော်နဲ့ ကြားကာလပညာသင်ကြားရေး ကျောင်းဆင်းပွဲပြုလုပ်(ရုပ်/သံ)

ကရင်နီပြည်မှာ ကျောင်းသူ/ကျောင်းသား ၂၀၀ကျော်နဲ့ ကြားကာလပညာသင်ကြားရေး ကျောင်းဆင်းပွဲပြုလုပ်(ရုပ်/သံ)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ ၂၀၂၂ ပညာသင်နှစ်ကြားကာလ ပညာသင်ကြားရေးကျောင်းဆင်းပွဲအခမ်းအနားတစ်ရပ်ကို ကျောင်းသူ/ကျောင်းသား ၂၀၀ကျော်နဲ့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၁ ရက် မနက်၉နာရီမှ ၁၂နာရီ အထိ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာရှိ ဆရာတော်နှင့်အတူ ဘာသာရေးခေါင်းဆောင်များ၊ရပ်မိရပ်ဖများ၊လူငယ် လူရွယ်များနှင့်အတူ ပညာရေးဌာနမှ ဆရာ ဆရာမများပါပူးပေါင်းပါဝင်ပြီး လူဦးရေ(၅၀၀)ဝန်းကျင်ခန့်ဖြင့် လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသူ၊ကျောင်းသား ကလေးငယ်များကို အုန်ကပ်စီးမုန့်စားပြိုင်ပွဲ/စပါးလုံးကောက်ပြိုင်ပွဲ၊ဂုံနီအိတ်စွတ်ပြိုင်ပွဲနှင့်ကစားနည်းမျိူးစုံကျင်းပပေးခဲ့တယ်လို့လဲ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုရ NUGအနေနဲ့ နယ်မြေ စိုးမိုးမှုရှိတဲ့ ဒေသတွေမှာ မြေပြင်ကျောင်းများဖွင့်လှစ်ပြီး ကြားကာလ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသလို  မြေပြင်ကျောင်းများ မဖွင့်လှစ်နိင်တဲ့အခြေအနေမျိုးမှာ အွန်လိုင်းကနေ သင်ကြားပေးတာတွေ ဆောင်ရွက်နေတာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required