မန္တလေး သံဃသမဂ္ဂဆရာတော် အရှင်အာစာရ ကို စစ်ကောင်စီဖမ်းဆီး 

By ၀၀၈ (မဇ္ဈိမ)
03 January 2023
မန္တလေး သံဃသမဂ္ဂဆရာတော် အရှင်အာစာရ ကို စစ်ကောင်စီဖမ်းဆီး 

မန္တလေး(မဇ္ဈိမ)။    ။သံဃသမဂ္ဂ(မန္တလေး) ဦးဆောင်ဆရာတော်များထဲမှ တစ်ပါးဖြစ်သည့် အရှင်အာစာရသည် ယနေ့ဇန်နဝါရီလ ၃ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း သိရသည်။ 

"အသေးစိတ် ဘာမှမသိသေးဘူး။ အဖမ်းခံရတာဟုတ်တယ်။ တို့တွေလည်း ရှောင်နေရတယ်"ဟု သံဃသမဂ္ဂ(မန္တလေး)မှ သံဃာတော်တစ်ပါးက မိန့်သည်။ 

ဖမ်းဆီးခံရသည့် သံဃာတော်နှင့် နှီးနွှယ်ပတ်သက်သောသူများအနေဖြင့် အမြန်ဆုံး ရှောင်တိမ်းကြရန် သံဃာတော်တစ်ပါးက မိန့်သည်။ 

သံဃသမဂ္ဂ(မန္တလေး)အနေဖြင့် အာဏာသိမ်းစဥ်မှစ၍ ယနေ့အချိန်ထိ စစ်ကောင်စီကို နေ့စဥ် ဆန္ဒပြနေဆဲဖြစ်သည်။ ထိုသို့ ဆန္ဒပြနေမှုများကြောင့် စစ်ကောင်စီက မန္တလေးမြို့ရှိ ကျောင်းတိုက်တချို့ကို ဝင်စီးပြီး အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိသည်။ 

၂၀၂၂ခုနှစ် အောက်တိုဘာလ ၃၀ရက်ကလည်း သံဃသမဂ္ဂ(မန္တလေး) ဦးဆောင် သံဃာတော်တစ်ပါးဖြစ်သည့် ဦးကလျာဏသည်လည်း ဖမ်းဆီးခံထားရသည်။ 

စာတည်း။    ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

#မန္တလေးတိုင်း
#သံဃသမဂ္ဂ
#စစ်ကောင်စီ
#ဖမ်းဆီးမှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required