တရုတ်ဩဇာလွှမ်းမိုးမှုခံလာရသည့် တောင်အာရှအပေါ် ဂျပန်၏အမြင် ပြောင်းလဲလာ

By AF
03 January 2023
တရုတ်ဩဇာလွှမ်းမိုးမှုခံလာရသည့် တောင်အာရှအပေါ် ဂျပန်၏အမြင် ပြောင်းလဲလာ

တရုတ်က တောင်အာရှတွင် သြဇာပိုမိုချဲ့ထွင်လာပြီး အင်ဒို-ပစိဖိတ်ဒေသရှိ နေရာအများအပြားတွင် ဂျပန်ကို ခြိမ်းခြောက်ရန်စလာပြီးနောက် တောင်အာရှနှင့် ပတ်သက်ပြီး ဂျပန်၏ သဘောထားပြောင်းလဲသွားခဲ့ကြောင်း တိုကျိုအခြေစိုက် Hudson Institute မှ ဧည့်သုတေသီ ဆာတိုရူနာဂါယိုက ပြောကြားလိုက်သည်။ 

“အရင်တုန်းက တောင်အာရှနဲ့ပတ်သက်ပြီး ဂျပန်က မဟာဗျူဟာမရှိပါဘူး။ ပြည်တွင်းလူ့အဖွဲ့အစည်းကို အကျိုး ပြုချင်လို့သာ တောင်အာရှမှာ အခြေခံအဆောက်အအုံစီမံကိန်းတွေကို ဂျပန်က ပံ့ပိုးပေးခဲ့တာပါ။ ဒါပေမယ့် တောင်အာရှမှာ တရုတ်က သြဇာချဲ့ထွင်ပြီး အင်ဒို-ပစိဖိတ်ဒေသ နေရာတော်တော်များများမှာ ဂျပန်ကို ခြိမ်း ခြောက်လာတဲ့အတွက် ဂျပန်ရဲ့ သဘောထားက ပြောင်းလဲသွားပါတယ်” ဟု ဆာတိုရူ နာဂါယိုက နီပေါ The Annapurna Express သတင်းစာနှင့် လူတွေ့မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ 
ဂျပန်၏ တောင်အာရှမူဝါဒ၊ ဦးစားပေးမှုများနှင့် ယင်းဒေသအပေါ် စိတ်ဝင်စားမှုဆိုင်ရာ မေးမြန်းချက်ကို ဖြေကြားစဉ်  ဆာတိုရာနာဂါယိုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သီရိလင်္ကာရှိ တရုတ်၏ အခြေခံအဆောက်အအုံ စီမံကိန်းများသည် အတိုးနှုန်းမြင့်မားပြီး အကြွေးနွံနစ်စေကြောင်း ဂျပန်ကျွမ်းကျင်သူက ဟမ်ဘန်တိုတာဆိပ်ကမ်းကို ဥပမာပြကာ ပြောကြားခဲ့သည်။
“ဒါက တရုတ်ရဲ့ ဗိုလ်ကျစိုးမိုးတဲ့ ရည်မှန်းချက်က ဘယ်လောက်တောင် အန္တရာယ်ကြီးသလဲဆိုတဲ့ စံနမူနာတစ်ခုပါပဲ။ ဒီတစ်ကြိမ်တော့ ဂျပန်နိုင်ငံတော်လုံခြုံရေး မဟာဗျူဟာမှာ ODA ကို မဟာဗျူဟာကျကျ အသုံးပြုဖို့ ရှင်းရှင်း လင်းလင်းဖော်ပြခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ဂျပန်က တောင်အာရှတွင် အခြေခံအဆောက်အအုံစီမံကိန်းများစွာကို နှောင်ကြိုးမပါဘဲအကူအညီ ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း ဆာတိုရူနာဂါယိုက ပြောကြားခဲ့သည်။
ဒေသတွင်းနိုင်ငံများကို ကယ်တင်ရန်နှင့် တရုတ်၏ ဗိုလ်ကျစိုးမိုးလိုသည့် ရည်မှန်းချက်ကို တန်ပြန်ရန် စီမံကိန်း များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ဂျပန်စစ်အသုံးစရိတ်သည် ၂၀၂၂ ခုနှစ်တွင် ယန်း ၅ ဒသမ ၄ ထရီလီယံရှိလာပြီး နိုင်ငံဂျီဒီပီ၏ ၁ ဒသမ ၂၄ ရာခိုင် နှုန်းခန့်ရှိလာကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly