တရုတ်အခြေခံအဆောက်အအုံစီမံကိန်းများက သီရိလင်္ကာအကျပ်အတည်း၏ အကြောင်းရင်းဖြစ်နိုင်

By ANI
03 January 2023
တရုတ်အခြေခံအဆောက်အအုံစီမံကိန်းများက သီရိလင်္ကာအကျပ်အတည်း၏ အကြောင်းရင်းဖြစ်နိုင်

သီရိလင်္ကာတွင် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း တရုတ်ငွေကြေးထောက်ပံ့သော အခြေခံ အဆောက်အအုံစီမံကိန်းကြီးများတည်ဆောက်မှုသည်  နိုင်ငံ့စီးပွားရေးတိုးတက်စေရန် ရည်ရွယ်ခဲ့သည်။

သို့သော် ၂၀၂၂ခုနှစ် အစောပိုင်းတွင် အိန္ဒိယသမုဒ္ဒရာဒေသနိုင်ငံဖြစ်သည့် သီရိလင်္ကာ၏ စီးပွားရေးပြိုလဲမှုအပြီးတွင် ယင်းစီမံကိန်းများက သီရိလင်္ကာကြုံတွေ့ခဲ့သမျှ အဆိုးရွားဆုံးအကျပ်အတည်း ဟုတ် မဟုတ် မေးစရာဖြစ်လာကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
"ကိုလံဘိုမြို့၏ ပင်လယ်ကမ်းစပ်တွင် တည်ရှိသည့် ဆိပ်ကမ်းမြို့ကို ၂၆၉ ဟက်တာ ကျယ်ဝန်းသော မြေပေါ် တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်လာရန် ရည်မှန်းခဲ့သော်လည်း စွန့်ပစ်ရလုနီးပါးဖြစ်ခဲ့ကြောင်း" သတင်းတွင် ဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံ မတ္တလာမြို့တွင် လွန်ခဲ့သော ဆယ်စုနှစ်နီးပါးက ဖွင့်လှစ်ခဲ့သော နိုင်ငံတကာလေဆိပ်မှာလည်း ကမ္ဘာတွင် လူသူအကင်းမဲ့ဆုံး လေဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ 
တရုတ်ထောက်ပံ့သည့် ယင်းစီမံကိန်း ၂ ခုစလုံးကို သီရိလင်္ကာအား ကြွေးမြီနွံနစ်စေသည့် အကုန်အကျများသလောက် အသုံးမဝင်သော အရာများအဖြစ် ရှုမြင်ကြသည်။
“လေဆိပ်က အလုပ်မဖြစ်ပါဘူး။ ကိုလံဘိုဆိပ်ကမ်းမြို့က နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ ရည်မှန်းထားပေမယ့် အခုလောလောဆယ် ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ မရှိပါဘူး။” ဟု သီရိလင်္ကာလုံခြုံရေးနှင့် ပထဝီဝင်နိုင်ငံရေးလေ့လာသုံးသပ်သူ အာဆင်ဂါကို ကိုးကား၍ VOA က ဖော်ပြခဲ့သည်။
ယင်းစီမံကိန်းများအားလုံးသည် ငွေကြေးအရ အလားအလာမရှိသောကြောင့်  ဝင်ငွေရရှိပုံစံမှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာလည်းရှိနေသည်။ ထိုစီမံကိန်းများကို အတိုးနှုန်းမြင့်မားစွာဖြင့် ရေရှည်ပေးရမည့် များပြားလှသည့်ချေးငွေများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ခန့်မှန်းချက်များအရ တရုတ်ချေးငွေများသည် သီရိလင်္ကာကြွေးမြီစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့် အထိ ရှိနေသည်။ 
တရုတ်ရန်ပုံငွေထောက်ပံ့သည့် စီမံကိန်းများအတွက် ဒေါ်လာဘီလီယံပေါင်းများစွာသုံးစွဲရခြင်းကြောင့် သီရိလ င်္ကာ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly