ကဘူးလ်မြို့စစ်ဘက်ဆိုင်ရာလေဆိပ်ပြင်ပတွင် ပေါက်ကွဲမှုဖြစ်၍ ၁၀ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

By NDTV
03 January 2023
ကဘူးလ်မြို့စစ်ဘက်ဆိုင်ရာလေဆိပ်ပြင်ပတွင် ပေါက်ကွဲမှုဖြစ်၍ ၁၀ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

အာဖဂန်နစ္စတန် ကဘူးလ်မြို့ရှိ စစ်ဘက်ဆိုင်ရာလေဆိပ်တွင် ဇန်နဝါရီ ၁ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်းသေဆုံးကာ အခြား ၈ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း တာလီဘန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး Khaama Press သတင်းတွင် ဖော်ပြထားသည်။
ပေါက်ကွဲမှုကြောင့် ကဘူးလ်မြို့ရှိ စစ်ဘက်ဆိုင်ရာလေဆိပ်ရှိ ပင်မဝင်ပေါက်အနီးတွင် ထိခိုက်မှုမှုများ ဖြစ်ပွားခဲ့ကြောင်း တာလီဘန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ နာဖီးတက္ကာက  ပြောသည်။
အဆိုပါတိုက်ခိုက်မှုကျူးလွန်သူကို ယခုအချိန်ထိ မသိရသေးပေ။
မြောက်ပိုင်း တာခါပြည်နယ်မြို့တော် တာလူကန်တွင် ဒီဇင်ဘာ ၂၈ ရက်က လူ ၄ ဦး ကိုထိခိုက်ဒဏ်ရာရစေခဲ့သည် ပေါက်ကွဲမှုအပြီး ၃ ရက်အကြာတွင် စစ်ဘက်ဆိုင်ရာလေဆိပ်ပြင်ပ၌ နောက်ထပ်ပေါက်ကွဲမှု ထပ်မံပေါက်ပေါက်လာခြင်း ဖြစ်သည်။
တာခါရှိ တာလီဘန်လုံခြုံရေးတပ်မှူး အဗ္ဗဒူမူဘင်ဆာဖီက ပေါက်ကွဲမှုကို အတည်ပြုခဲ့ပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦး၏ စားပွဲအောက်တွင် ဗုံးထောင်ထားသည်ကို သိရှိခဲ့ရသည်ဟု ဆိုသည်။
အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ပေါက်ကွဲမှုများအပါဝင် လုံခြုံရေးဆိုင်ရာ ထိခိုက်မှုဖြစ်ရပ်များ အများအပြားဖြစ်ပွားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly