မုံရွာ မြို့တော်ခန်းမအတွင်းသို့ ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်

မုံရွာ မြို့တော်ခန်းမအတွင်းသို့ ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များစခန်းချတပ်စွဲနေသည့် မြို့တော်ခန်းမ အတွင်းသို့ ၄၀ မမ နှစ်လုံးဖြင့် မုံရွာခရိုင်တပ်ရင်း(၇)က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း မုံရွာခရိုင်တပ်ရင်း(၇)သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကပြော သည်။

“ကျနော်တို့ ဖော်ဆောင်ခဲ့တဲ့မစ်ရှင်က မြို့လယ်ခေါင်ဖြစ်တဲ့အတွက် အန္တရာယ်တော့ တော်တော်လေး များခဲ့တယ်။ မြို့တော်ခန်းမအနီးမှာက အရပ်ဝတ်စစ်သားတွေကလည်း တော်တော်လေးများတယ်ဗျ။ အဲဒီလို အခြေအနေမျိုးမှာ ကံကောင်းစွာနဲ့ ကျနော်တို့ အခွင့်အရေးရခဲ့တယ်။ ၄၀ မမ နှစ်လုံးကို ကျနော်တို့ ဆက်တိုက်ပစ်ခဲ့ရတယ်။

ခွေး(စစ်ကောင်စီတပ်)ဘက်က အသေဆုံးတော့ ရှိနိုင်တယ် ၊ အတည်ပြုလို့တော့ မရသေးဘူး” ဟု ၎င်းက ဆိုသည်။

မုံရွာ ခရိုင်တပ်ရင်း(၇) Lighting PDF အနေဖြင့် မြို့တွင်းမစ်ရှင်များကို ဆက်လက်ဖော်ဆောင်ရန် ရှိသည့် အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများနှင့် ၎င်းတို့၏အနီးတဝိုက်တွင် သွားလာခြင်း မပြုရန် သတိပေးထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required