ယင်းမာပင်မြို့နယ်အတွင်း NUG လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသည့် ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ယင်းမာပင်မြို့နယ်အတွင်း NUG လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသည့် ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသော ကျောင်းတစ်ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂ရက် ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ထူးချွန်ကျောင်းသားများကို ပညာရည်ချွန်ဆုများပေးအပ်ခဲ့ပြီး ကလေးငယ်များ လွတ်လပ်သော ပညာသင်ခွင့်များ ရရှိနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးမှ ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျေးရွာပြည်သူ့အုပ်ချုပ်ရေး (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့မှ ပညာသင်ကြားရေး ဖြစ်မြောက်စေရန် ပူးပေါင်းဆောင်ရွက်ပေးကြသည့် မိဘပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required