ရှီးပတီးကို စုဆောင်းရန် အိန္ဒိယပိုင်နက်အတွင်းသို့ တရုတ်က ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်

By ANI
02 January 2023
ရှီးပတီးကို စုဆောင်းရန် အိန္ဒိယပိုင်နက်အတွင်းသို့ တရုတ်က ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်

ဈေးကြီး ဆေးဖက်ဝင်အပင်ဖြစ်သည့် ဟိမဝန္တာရွှေဟုခေါ်သော ရှီးပတီးကို စုဆောင်းရန် အိန္ဒိယပိုင်နက် အတွင်းသို့ တရုတ်က ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း အင်ဒို-ပစိဖိတ် မဟာဗျူဟာ ဆက်သွယ်ရေးစင်တာ (IPCSC) က ပြောကြားခဲ့သည်။

တရုတ်တွင် ရွှေထက် ဈေးပိုကြီးသည့် ရှီးပတီးရှာဖွေရေးအတွက် အာရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်သို့ တရုတ် စစ်သားများအား တရားမဝင် ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ရှီးပတီးကို အိန္ဒိယ ဟိမဝန္တာတောင်တန်းများနှင့် တရုတ်အနောက်တောင်ပိုင်းရှိ ချင်ဟိုင်-တိဗက်ကုန်းပြင်မြင့် ၏ မြင့်မားသော ဒေသများတွင် တွေ့ရသည်။

တစ်ကမ္ဘာလုံးတွင်၊ ၂၀၂၂ခုနှစ်တွင် ရှီးပတီးဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၁၀၇၂ ဒသမ ၅၀ သန်းရှိသည်။ တရုတ်သည် ရှီးပတီးအများဆုံးထုတ်လုပ်သူဖြစ်သလို တင်ပို့သူလည်းဖြစ်သည်။

" တရုတ်တွင် ရှီးပတီး အများဆုံးထွက်ရှိသည့် ချင်ဟိုင်ဒေသတွင် ပြီးခဲ့သော ၂ နှစ်အတွင်း ရှားပါးလာခဲ့သည်။ သိပ္ပံနည်းကျအထောက်အထားမရှိသော်လည်း ကျောက်ကပ်ရောဂါမှသည် မသန်စွမ်းခြင်းအထိ ရောဂါအားလုံး ကို ကုသပေးနိုင်သည်ဟူသော ယုံကြည်ချက်ကြောင့် ထွန်းသစ်စ တရုတ်လူလတ်တန်းစားများက တန်ဖိုးကြီးသော ရှီးပတီးကို ဝယ်ယူခြင်းကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဝယ်လိုအားကောင်းလာခဲ့သည်” ဟု IPCSC က ဖော်ပြခဲ့သည်။

ဝယ်လိုအား မြင့်မားခြင်းနှင့် အကန့်အသတ်ရှိသော အရင်းအမြစ်များကြောင့် ရှီးပတီးရှာဖွေမှု အလွန်အကျူးဖြစ် လာခဲ့သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ရှီးပတီးအထွက်နှုန်း နှစ်စဉ်ကျဆင်းလာနေကြောင်း စစ်တမ်းများတွင် တွေ့ရှိရသည်။

"အထွက်နှုန်းသည် ၂၀၁၈ ခုနှစ်တွင် ၄၃,၅၀ဝ ကီလိုဂရမ်ရှိရာမှ ၂၀၂၁ခုနှစ်တွင် ၄၁,၂၀ဝ ကီလိုဂရမ်သို့ ကျ ဆင်းခဲ့ပြီး ၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗျူရိုက ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြ ထားသည်။ ယင်းသည် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်အတွက် ပြည်နယ်မီဒီယာများမှ ဖော်ပြသော ကီလိုဂရမ် ၁၅၀,ဝဝဝ ၏ တစ်စိတ်တစ်ပိုင်းသာ ရှိသည်" ဟု IPCSC က ဆိုသည်။

ချင်ဟိုင်ရှိ ရှီးပတီးကုမ္ပဏီများသည် မကြာသေးမီနှစ်များအတွင်း ရှီးပတီးရှာဖွေရေးအတွက် တောင်တစ်လုံးကို ပိတ်ဆို့သည့်အတွက် ဒေသခံများအား ယွမ်သန်းပေါင်းများစွာ ပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required