ပါကစ္စတန်တွင် ဆောင်းကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာနိုင်

By ANI
02 January 2023
ပါကစ္စတန်တွင် ဆောင်းကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာနိုင်

ပါကစ္စတန်နိုင်ငံတွင် ဆောင်းရာသီကာလအတွင်း နိုင်ငံအနောက်ဘက် နယ်စပ်ဒေသများ၊ အထူးသဖြင့် အာဖဂန်နစ္စတန်နှင့် ကပ်လျက် နယ်စပ်များမှ ထွက်ပေါ်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားမှုက အမြဲတစေ မြင့်တက်လေ့ ရှိကြောင်း တိုင်းရင်းမီဒီယာ Pehenji Akhbar က ဖော်ပြသည်။

တိုက်ခိုက်မှုများကို အများအားဖြင့် အိုင်အက်စ် (ISIS) ၊ တာလီဘန်နှင့် ယခုလက်ရှိ အာဖဂန်တပ်ဖွဲ့များက လုပ်ဆောင်သည်။ ထိုအခြေအနေသည် ယခုရာသီအတွင်း အချိန်အတော်ကြာ ဖြစ်ပွားထားခဲ့သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က စစ်တပ်ပိုင် စာသင်ကျောင်းတစ်ကျောင်း အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထို့ပြင် ဆောင်းကာလအတွင်းမှာပင် ချာဆစ်မြို့ရှိ ဘာချာ ခန်း တက္ကသိုလ်လည်း တိုက်ခိုက်ခံခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်ကြီးနှစ်ခုကို ပြည်သူများ မှတ်မိနေဆဲဖြစ်သည်။

ယခုနှစ် ဆောင်းရာသီတွင်လည်း ဆွက်၊ ဝါဇီရစ္စတန်နှင့် ကွက်တာတို့တွင် တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်ထားပြီး အရပ်သားများနှင့် လုံခြုံရေးအမှုထမ်းများ အသက်ဆုံးရှုံးခဲ့ကြရသည်။ တိုက်ခိုက်မှုများကို နိုင်ငံအရှေ့ဘက်ခြမ်းနယ်စပ်များမှလည်း အားပေးလျက် ရှိကြောင်း Pehenji Akhbar က ဖော်ပြသည်။

လက်ရှိအချိန်တွင် ပါကစ္စတန်အစိုးရနှင့် တာလီဘန်အကြား ယမန်နှစ် ဇွန်လက လက်မှတ်ထိုးထားသည့် အပစ်ရပ်စဲရေး သဘောတူညီချက်သည် သက်တမ်းကျော်လွန်သွားပြီ ဖြစ်သည်။ ပါကစ္စတန်သည် ၁၉၇၉ နှင့် ၂၀၀၁ ခုနှစ်တုန်းက အခြေအနေများ၏ အနှေးတစ်ဖန် ပြမှုကို ကြုံတွေ့နေရသည်။ အနောက်ဘက် နယ်စပ်များမှ ခြိမ်းခြောက်မှုများက မြင့်တက်နေသည်။ ဆောင်းရာသီက တဖန် ပြန်ရောက်လာပြန်ပြီဖြစ်သည်။ ယခုနှစ် ဆောင်းရာသီ သည် ပိုပြီး တာရှည်ကောင်း တာရှည်နိုင်ပြီး ယခုတစ်ကြိမ်တွင် ပါကစ္စတန်အတွက် သာယာ ချမ်းမြေ့စရာ နွေဦး ရှိချင်မှ ရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required