ဒလိုင်းလားမားအကြောင်း ဆွေးနွေးသော တိဗက်စာရေးဆရာ ထိန်းသိမ်းခံရ

ဒလိုင်းလားမားအကြောင်း ဆွေးနွေးသော တိဗက်စာရေးဆရာ ထိန်းသိမ်းခံရ

အဝေးရောက်တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနှင့်ပတ်သက်သည့် နိုင်ငံရေးအရ အရေးပါသော ဆွေးနွေးမှုများတွင် ပါဝင်မှုအတွက် ထင်ရှားသော တိဗက်စာရေးဆရာတစ်ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီးကြောင်း RFA က သတင်းရရှိခဲ့သည်။

တခြား စာရေးဆရာများနှင့်အတူ ‘The Knot and An Interview With Gendun Choephel’ ဟူသော လူကြိုက်များသည့် စာအုပ်ကို ရေးသားသည့် ရောင်ဝိုဂန်ကာသည် လွန်ခဲ့သည့် ၁ နှစ်ကျော်က တရုတ်နိုင်ငံ အနောက်ပိုင်း ချင့်ဟိုင်ပြည်နယ်တွင် ထိန်းသိမ်းခံလိုက်ရကြောင်း အဆိုပါဒေသတွင် နေထိုင်သည့် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“စုဝေးပွဲမှာ ဘုန်းတော်ကြီးဒလိုင်းလားမားအကြောင်း ဆွေးနွေးလို့ တရုတ်အစိုးရက သူ့ကို ဖမ်းဆီးခဲ့တာပါ ။ ဒလိုင်းလားမားရဲ့မွေးနေ့နဲ့ ဒလိုင်းလားမားနဲ့ပတ်သက်တဲ့ တခြား အရေးပါတဲ့ ပွဲတွေကို ကျင်းပသင့်တဲ့အကြောင်း သူက ဆွေးနွေးပြောဆိုခဲ့တာပါ” ဟု အမည်မဖော်လိုသော RFA သတင်းရင်းမြစ်က ပြောသည်။

ဂန်ကာသည် ရက်ဂေါင်မြို့မှ ပြန်လာပြီးနောက် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ချင့်ဟိုင်ရှိ မယ်ဟိုမြို့ ရောင်ဝိုဘုန်းတော်ကြီးကျောင်းပြင်ပတွင် အဖမ်းခံလိုက်ရကြောင်း သတင်းရင်းမြစ်က ပြောသည်။

“သူ့ကို ပြစ်ဒဏ်ချမှတ်ပြီးပြီလားဆိုတော့ မသိရသေးပေမယ့် ရက်ဂေါင်ကောင်တီက အသစ်ဆောက်ထားတဲ့ အကျဉ်းထောင်အသစ်မှာ ထိန်းသိမ်းထားပါတယ်” ဟု ဆိုသည်။

ဂန်ကာကို ဖမ်းဆီးသည့်ရက်ကို အတိအကျမသိရသေးသော်လည်း ၂၀၂၁ ခုနှစ်အစပိုင်းတွင် ပျောက်ဆုံးသွားခဲ့သသည်ဟု သတင်းရင်းမြစ်များက ပြောကြသည်။

ဂန်ကာသည် ဖမ်းဆီးမခံရခင်က တခြားစာရေးဆရာများနှင့်အတူ ရက်ဂေါင်ရှိ Muthak လက်ဖက်ရည်ဆိုင်တွင် စာအုပ်နှင့်စပ်ဆိုင်သောအကြောင်းအရာများကို အလွတ်သဘောဆွေးနွေးခဲ့ကြသည်ဟု အဝေးရောက် တိဗက်တစ်ဦးက RFA သို့ ပြောသည်။

“တရုတ်အာဏာပိုင်တွေက အဲဒီလက်ဖက်ရည်ဆိုင်ကို အခုတလော စောင့်ကြည့်နေပြီး အဲဒီလို ဆွေးနွေးပွဲတွေ စုဝေးပွဲတွေ ထပ်မလုပ်ဖို့ တားမြစ်ထားပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly