တရုတ်လုပ်ရပ်များကြောင့် အင်ဒို-ပစိဖိတ်ဒေသတွင် စစ်ပွဲများ ဖြစ်ပွားလာနိုင်

By ANI
02 January 2023
တရုတ်လုပ်ရပ်များကြောင့် အင်ဒို-ပစိဖိတ်ဒေသတွင် စစ်ပွဲများ ဖြစ်ပွားလာနိုင်

ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်အပါအဝင် အဓိက ဒေသတွင်း မိတ်ဖက်များနှင့် တရုတ်ဆက်ဆံရေးသည် နေ့စဉ်နှင့် အမျှ ပိုမိုဆိုးရွားလာနေကြောင်း Global Strat View သတင်းတွင် ဖော်ပြ ထားသည်။

ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှုများကြောင့်လည်း နိုင်ငံငယ်များနှင့် တရုတ် ဆက်ဆံရေး တင်းမာ လာခဲ့သည်။

ဗိုလ်ကျစိုးမိုးရန်၊ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာများကို ထိပါးပြီး ဝေဖန်သူများကို နှုတ်ပိတ်ရန် တရုတ် က စစ်ရေး ခြိမ်းခြောက်မှုများကို အသုံးပြုနေကြောင်း ယင်းနိုင်ငံအားလုံးက စွပ်စွဲထားသည်။

အာရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်တွင် မကြာသေးမီက အိန္ဒိယနှင့် တရုတ်စစ်သားများကြား ထိပ်တိုက် တွေ့ဆုံ မှုများက အင်ဒို-ပစိဖိတ်ဒေသတွင် မတည်ငြိမ်မှု ကြီးထွားလာသည်ကို ဖော်ပြနေသည်။

ထိုင်ဝမ်ကို တရုတ်၏ ဗြောင်ကျကျ ခြိမ်းခြောက်မှုသည် ဒေသတွင်း၌ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ရန်လိုမှုများ ဖြစ်နိုင်ခြေကို တိုးစေသည်ဟု Global Strait View က ဖော်ပြသည်။

တရုတ်၏ ရန်လိုမှုကို ခုခံရန် အိန္ဒိယတွင် လုံလောက်သော စစ်ရေး စွမ်းရည်ရှိကြောင်း သတင်းတွင် ဖော်ပြထား သည်။

ထို့ပြင် ထိုင်ဝမ်က အမေရိကန်ဦးဆောင်သော အနောက်ပိုင်းပိတ်ဆို့ခြင်းဖြင့် တရုတ်ကျူးကျော်မှုကို ခုခံကာ ကွယ်နိုင်သည်။

ယင်းအနေအထားတွင် စစ်ရေးအရ စွန့်စားမှုတိုင်းသည် ကြီးမားသော လက်နက်ကိုင်ပဋိပက္ခများကို ဖြစ်ပေါ် စေနိုင်ပြီး အင်ဒို-ပစိဖိတ်ဒေသကို စစ်ပွဲဇုန် ဖြစ်စေနိုင်ကြောင်း Global Strat View သတင်းတွင် ဖော်ပြထား သည်။

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်ရှိ နိုင်ငံများကလည်း တရုတ်စစ်အင်အားကို ထိပ်တိုက် ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly