နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁ ဇန်နဝါရီ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁ ဇန်နဝါရီ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· ၂၀၂၃ ခုနှစ်သည် တိုင်းပြည်အတွက် အရေး ကြီး သော နှစ်ဖြစ်ပြီး၊ စစ်ကောင်စီကို တော်လှန်ရေးအတွက် အင်အား စု အားလုံး ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြရန်နှင့် သွေးခွဲမှုကို နားမ ယောင် ကြ ရန် အမျိုးသား ညီညွတ်ရေးအစိုးရယာယီသမ္မတကြီးဒူးဝါးလရှီးလကနှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း တိုက်တွန်း ပြောဆိုထားသည်။

· စစ်အာဏာရှင်ကို တော်လှန်ရန် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ အား လုံး နှင့် စကားပြောထားပြီး လက်တွဲ ဆောင်ရွက်နေကြောင်း၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာတွင် စစ်ကောင်စီရှုံးနိမ့်နေပြီး ရွေးကောက်ပွဲ ကျင်းပ ထွက်ပေါက် ရှာရန်ကြိုးပမ်းနေကြောင်း၊ သမ္မတကြီးက ထောက်ပြပြောဆိုသည်။

· ပြည်သူလူထုသည်ဒုက္ခဆင်းရဲဖြင့် ကြုံကြိုက်သည့်တိုင် မိမိတို့၏သံဓိဌာန် အတိုင်း မြဲမြံစွာ လုပ်ဆောင်တတ် သည့် စိတ်ဓာတ်ကို ကမ္ဘာသိအောင်ပြနိုင်ခဲ့ပြီဖြစ်ကြောင်း ယင်းကဲ့သို့ ပြည်သူများရှိသည်ဟု သိရသည့် အတွက် အင်အားဖြစ်ရသလို အလုပ်များလည်း ပိုလုပ်နိုင်ရန် ကြိုးပမ်းဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်မှ နိုင်ငံတကာနှစ်သစ်ကူးနေ့ ဆုတောင်း စကားတွင် ထည့်သွင်းပြောဆိုသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်တပ်က အသက် ၇ နှစ်အရွယ်ကလေး ငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို ညှဉ်းပန်းပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ပြောသည်။

· စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်ရှိကျေးရွာတစ်ရွာတွင် လူထုနှင့်အတူ ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင်များ၊သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်ကော်မတီဝင်တို့ ပူးပေါင်းကာ စစ်အာဏာရှင်အလိုမရှိကြောင်းဆန္ဒပြခဲ့ကြသည်။

· ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်ရှိကျေးရွာတစ်ရွာတွင် လူထုနှင့်အတူ ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင်များ၊သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်ကော်မတီဝင်တို့ ပူးပေါင်းကာ စစ်အာဏာရှင်အလိုမရှိကြောင်းဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာနှင့် လက်ပံဆိပ်ကျေးရွာကို စစ် တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောသည်။

· ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ် ဗိုလ်ချုပ်ကျောက်တိုင်အနီး စစ်သား ၃ ဦး မိုင်းဆွဲ ခံရပြီး ၂ ဦးသေဆုံးကြောင်း မြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီး က ပြောသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အရုဏ်ဦးအချိန် နှစ်သစ်အစတွင် စစ်အာဏာ ရှင် ဆန့်ကျင်ရေးအတွက် မုံရွာတော်လှန် လူငယ် များကွန်ရက်က စုပေါင်းချီတက်ကြသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အရုဏ်ဦးအချိန် နှစ်သစ်အစတွင် စစ်အာ ဏာရှင် ဆန့်ကျင်ရေးအတွက် မုံရွာတော်လှန်လူငယ်များကွန်ရက်က စုပေါင်းချီတက်ကြသည်။

· ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် မှ စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး ရဲထွန်းဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

· ရန်ကုန်မြို့တော်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ယနေ့နံနက် အစော ပိုင်း စစ်အာဏာရှင်ဆန့်ကျင် ရေးရန်ကုန်အင်အားစုက စစ်အာဏာရှင် တော် လှန် ရေးနှင့် အကြမ်းဖက် မင်းအောင်လှိုင် ပြုတ်ကျရေး ပိုစတာချိတ်ဆွဲ၍ နှစ်သစ်အစကို ဖွင့်လှစ် လှုပ်ရှားကြသည်။

· တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက်စစ်သားများ တပ်စွဲထား သည့် နေရာ နှစ်ခုကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ပြီး သေ နတ် ၁ လက်ရရှိကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ မှတာဝန်ရှိသူတစ်ဦး ကပြောသည်။

· မန္တလေးတွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မန္တလေးမြို့တွင် ယမန်နေ့ညက ဘီယာဆိုင်အတွင်း လူငယ်တစ်စုစကားရန်ဖြစ်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

· ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ လာဖြုတ် သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး မိုင်းထိပြီး ၁ ဦး သေဆုံးသွားကြောင်း ပဲခူးတိုင်း PDF မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

· ပဲခူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ ရှိသည့် နေရာ သုံးနေရာကို ဒီဇင်ဘာလ ၃၁ ရက်က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသ(People Defence Force- Bago) က ထုတ်ပြန်ထားသည်

· ကချင်ပြည်နယ် ဖားကန့်မှော်လှည့် သပိတ်စစ်ကြောင်းက ယနေ့ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

· တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူးမြို့တွင် နှစ်သစ်ကူး နှစ်ဦးဆုတောင်းဆန္ဒပြပွဲကို ယနေ့ ဇန်နဝါရီ ၁ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

· မြန်မာနိုင်ငံတစ်ဝန်းရှိ CDM ဆရာဝန်များကို အကြမ်းဖက်စစ်ကောင်စီက အငြိုးတကြီးဖြင့် လိုက်လံ ဖမ်းဆီးခိုင်းနေကြောင်း နေပြည်တော်ကျန်းမာရေး သတင်းရင်းမြစ်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်တွင် ရေးသားထားသည်။

· တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းက "အကြောက်တရားကို ခွန်အား အဖြစ် ပြောင်းလဲကြ " ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ညသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· အကြမ်းဖက်စစ်ကောင်စီသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ရန်သူသာမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး၏ ရန်သူဖြစ်ခြင်းကြောင့် ရန်သူကိုရန်သူလို ပြတ်ပြတ်သားသားသတ်မှတ်ပြီး ချေမှုန်းသွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

· နွေဦးတော်လှန်ရေးကို ဘေးကလက်ပိုက် ရပ်ကြည့်နေခဲ့သူများ မဟုတ်ကြောင်း ULA/AA ဒုတိယစစ်ဦးချုပ် ညိုထွန်းအောင်က ပြောကြားသည်။

စစ်ကောင်စီ

· တပ်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြေညာချက်ထုတ် ပြန်သည်။

· တိုင်းပြည်ကို မူလအခြေအနေအတိုင်း အေးချမ်းစေရန် ဆောင်ရွက်နေကြောင်း အကြမ်းဖက်အာဏာလု မင်းအောင်လှိုင်ကပြောသည်။

· တစ်နိုင်ငံလုံး နေရာအနှံ့ ရွေးကောက်ပွဲကျင်းပနိုင်ရန် လုပ်နေကြောင်း အကြမ်းဖက်အာဏာလု မင်းအောင်လှိုင်ကပြောသည်။

ဇန်နဝါရီ ၁ ရက် သုံးသပ်ချက်

· အမျိုးသားညီညွတ်ရေးအစိုးရ၏ မိန့်ခွန်းများ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့မှ ခေါင်း ဆောင်များ ၏ မိန့်ခွန်းများအရ လာမည့်နှစ်တွင် အကြမ်းဖက်အာဏာလုပ်မင်းအောင်လှိုင် ခေါင်းဆောင် သည့် စစ်အုပ်စုကို သံတမန်ရေး၊စစ်ရေး၊စီးပွားရေးများအရ ဘက်ပေါင်းစုံမှ ပြင်းပြင်ထန်ထန် တိုက်ခိုက် လာနိုင်ဖွယ်ရှိနေသည်။

· မင်းအောင်လှိုင်တို့စစ်အုပ်စု အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တချို့အပါအဝင် တစ်နိုင်ငံလုံးမှပြည်သူများသည် ရရာလက်နက်စွဲကိုင်တော်လှန်နေသော်လည်း အလုပ်မဖြစ်သည့် အပစ် ခတ် ရပ်ဆဲရေး ထုတ်ပြန်ကြေညာသည်။စစ်အုပ်စုသည် အရေးနိမ့်လာပြီး အကျပ်အတည်းဖြစ်လာပြီဆို လျှင် အပစ်အခတ်ရပ်စဲကြောင်း အမြဲကြေညာသည် ၎င်းတို့အရေးသာပြီဆိုလျှင် ယင်းကတိများ အလွယ်တကူ ချိုးဖောက်တတ်သည့် အကျင့်ဆိုးရှိသော် လူ့အဖွဲ့အစည်းဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့၏ ကတိစကားကို ယုံနေသည့် တိုင်းရင်းသားလက်နက်ကိုင်တချို့အနေဖြင့် ရှေ့ကဖြစ်ခဲ့သည့် သာဓကများ ကြည့်၍ သင်္ခန်းစာယူရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly