၂၀၂၃ ခုနှစ်သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို ခံစားရန် အစပျိုးသည့်နှစ်ဖြစ်ဟု စစ်ကောင်စီ ခေါင်းဆောင်ဆို

၂၀၂၃ ခုနှစ်သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို ခံစားရန် အစပျိုးသည့်နှစ်ဖြစ်ဟု စစ်ကောင်စီ ခေါင်းဆောင်ဆို

မဇ္စျိမ။ ။၂၀၂၃ ခုနှစ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်ကို ခံစားရန် အစပျိုးသည့်နှစ်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောသည်။

“မြန်မာ့နိုင်ငံရေးအချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်မယ့်အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ် ဖြစ်တာကြောင့် ဒီအခွင့်အရေးကို အရယူနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒီမိုကရေစီစနစ် ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပေါင်းစည်းညီညွတ်မှုများနှင့် ရှေ့ခရီးဆက်ရမည်ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ဘက်ပေါင်းစုံက ရှိသမျှတံခါးများ အားလုံးကိုဖွင့်ပြီး လက်ကမ်းကြိုလျက်ရှိ နေသည်ဟုလည်း ဆက်လက်ပြောသည်။

၂၀၂၃ခုနှစ်တွင် တိုင်းရင်းသားအားလုံး ပိုမိုပြီး သတိ၊ အသိ ရှိရမည်ဖြစ်ကာ ပြည့်အင်အား ပြည်တွင်းမှာသာ ရှိသကဲ့သို့ အားလုံးစည်းလုံးညီညွတ်စွာ ကျော်ဖြတ်ရန်သာလိုကြောင်း စစ်ကောင်စီဥက္ကဌကဆိုသည်။

မဲစာရင်းအ ကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ် ကောင်စီက တိုင်းရင်းသားများ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေရန် တိုင်းရင်းသားဒေသအပါအဝင် တစ်နိုင်ငံလုံး နေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟုလည်း ထည့်သွင်းပြောဆိုသည်။

ထို့အပြင် တိုင်းပြည်ကို မူလအခြေအနေအတိုင်းအေးချမ်းအောင်ဆောင်ရွက်နေကြောင်းလည်း စစ် ကောင်စီခေါင်း ဆောင်က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တော်လှန် ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွါးလျက်ရှိပြီး ၂၀၂၁ခုနှစ် ဖေ ဖော်ဝါရီမှ ၂၀၂၂ခုနှစ် နိုဝင်ဘာလလယ်အထိ နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၇,၈၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ISP Myanmar က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required