ဖားကန့်တွင်  လက်နက်ကြီးကျည်‌ေကြာင့် သေဆုံးသူရှိပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရ

ဖားကန့်တွင်  လက်နက်ကြီးကျည်‌ေကြာင့် သေဆုံးသူရှိပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရ

မဇ္ဈိမ။ ။ 

ကချင်ပြည်နယ်၊  ဖားကန့်မြို့၊ လုံးခင်းအုပ်စု၊ ဆန်ခါရွာ၊  စိန်မိုက်ကယ် ကက်သလစ်ဘုရားကျောင်းတွင်းရှိ မူကြိုကျောင်းအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ တစ်ဦးသေဆုံးပြီး  ခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရရှိထား‌ေကြာင်း ဒေသခံများထံက သိရသည်။ 

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက် နေ့လယ် ၂ နာရီကျော်ခန့်တွင် ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

 အသက် (၅၂) နှစ်အရွယ် ဒေသခံ ဦးကွမ်ရန်ဂျာဆိုသူမှာ  ဖားကန့်ဆေးရုံကြီးတွင်  အရေးပေါ်ဆေးကုသမှုခံယူ‌ေနစဉ်  သေဆုံးသွားကြောင်း ဒေသခံ တစ်ဦးကပြောသည်။ 

၎င်းကို  ယနေ့ နေ့လယ်တွင် ဆန်ခါရွာသုဿန်၌ ခရစ်ယာန်ထုံတမ်းစဥ်လာအတိုင်း ဝတ်ပြုမြေမြုပ် သင်္ဂြုဟ်လိုက်‌ေကြာင်း သိရသည်။

"  ဖြစ်ဖြစ်ချင်းပဲ လူနားအားလုံးကို ဖားကန့်ဆေးရုံမှာပဲ အရေးပေါ်ကုသနေတာ ဟုတ်တယ်။ အဲ့မှာ ဦးကွမ်ရန်ဂျာက ဖြစ်ပြီးလို့ နှစ်နာရီအကြာမှာ ဆုံးသွားတာပါ။ ကလေးတွေက ဘုရားကျောင်းထဲမှာ ဆော့နေတုန်း ကျတာ တအားလန့်သွားကြတယ်။ ထိခိုက်ဒဏ်ရာရကြတာ ပြင်းထန်တဲ့ သူတွေလည်းရှိသေးတယ်  " ဟု ဆန်းခါဒေသခံတစ်ဦးက ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ အများစု၏ ခြေထောက်၊ လက်နှင့် ခေါင်းများ၌  ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

 ၎င်းတို့ထဲမှ  ဒဏ်ရာပြင်းထန်သူ နှစ်ဦးမှာ ယ‌ေန့ ဒီဇင်ဘာလ ၃၁ ရက် နေ့လယ်တွင်  ဖားကန့်ဆေးရုံကြီးမှ မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်လွဲပြောင်းကုသမှု ခံယူနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

လက်နက်ကြီးကျည်ကြောင့် အသက် ငါးနှစ်အရွယ် မထွယ်ဆန်နှင့် ၁၃ နှစ်အရွယ် မောင်မျိုးဂျတ်နော် တို့နှစ်ဦး ထိခိုက်ခဲ့သည်။ 

 ဆန်ခါရွာအနီးရှိ မဇွပ်ယန်အချုပ်ထောင်တွင်  လုံခြုံရေးယူနေသော စစ်တပ်က ထိုသို့ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စာတည်း ။ ။ အောင်ကျော်ဖြိုး

#Mizzima
#လက်နက်ကြီးကျည်
#ဆန်ခါရွာ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required