အပူချိန်မြင့်တက်နေသဖြင့် တောင်သူများစတင်ထိခိုက်လာ

အပူချိန်မြင့်တက်နေသဖြင့် တောင်သူများစတင်ထိခိုက်လာ
(ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)

အပူချိန်လွန်ကဲပြီး ခရမ်းလွန်ရောင်ခြည်မြင့်တက် နေသဖြင့် ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးရှိ တောင်သူများ၏ လယ်ယာလုပ်ငန်းများတွင် စတင်ထိခိုက်လာကြောင်း အဆိုပါ ဒေသက လယ်သမားတွေက ပြောသည်။

ခရမ်းလွန်ရောင်ခြည် မြင့်မားတာနှင့်အတူ အပူချိန်မြင့်မားလာသည့်အတွက် နေ့စဉ်စိုက်ခင်းလုပ်ငန်းတွေ လုပ်ကိုင်နေကြသော တောင်သူတွေအနေဖြင့် စိုက်ခင်းရေမလုံလောက်သည့်   ပြဿနာများ နောက်ဆက်တွဲ  ကြုံနေရကြောင်း ရန်ကုန်တိုင်းနေ တောင်သူတစ်ဦးက ပြောသည်။

“ပုံမှန်ဆိုတစ်နေကုန်လောင်းရတယ်။ ဟိုဘက်အခင်းပြီး ဒီဘက်အခင်း နေအရမ်းပူတဲ့အတွက် တချို့ရက်တွေမလောင်းနိုင်ဘူး။မလောင်းတာနဲ့ အပင်တွေကနွမ်းတာပဲ” လို့ရန်ကုန်တိုင်းဒေသကြီး အတွင်း နေတောင်သူဦးမြင့်ရွှေက ပြောသည်။

အယ်နီညိုရဲ့ရာသီဥတုရိုက်ခတ်မှုကြောင့် ရေရှားပါးမှု နှင့် အပူချိန်မြင့်မားမှုတွေ ဖြစ်လာနိုင်ကြောင်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနကလည်း သတိပေးထားသည်။

နေ့အပူချိန်မြင့်တက်လာပြီး ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းအဆင့်တွေ လွန်ကဲအဆင့်ထိ မြင့်တက်လာကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်းသူ့ရဲ့ မိုးလေဝသ သတင်းတွေမှာ တောက်လျောက် ပြောဆိုထားသေးသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းမြင့်မားအဆင့် (၇.၅) အထိရှိနိုင်ပြီး၊ ကချင်ပြည်နယ်တွင် အလွန်မြင့်မားအဆင့်(၉.၉) အထိရှိနိုင်သည်။ ကျန်ဒေသများတွင်လည်း လွန်ကဲအဆင့် (၁၁) နှင့် ၁၃အထိ ဆက်လက်မြင့်နိုင်ကြောင်း မိုးလေဝသ သတင်းများတွင် သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly