စစ်ကောင်စီနဲ့ အပစ်ရပ် (၅) ဖွဲ့ ဘယ်လိုသဘောတူညီမှုတွေ ရခဲ့ကြလဲ

စစ်ကောင်စီနဲ့ အပစ်ရပ် (၅) ဖွဲ့ ဘယ်လိုသဘောတူညီမှုတွေ ရခဲ့ကြလဲ

"ဒါတွေဟာ အနာဂတ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့အတွက် EAO တွေနဲ့ တိုင်ပင်ပြီးတော့မှ ရရှိထားတဲ့ အဆိုပြု မူကြမ်းဖြစ်တယ်၊ လွှတ်တော်မှာလည်း အတည်ပြုမယ်ဆိုတာကို နားလည်ထားပါတယ်" လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဋ္ဌ စောမြရာဇာလင်းက မဇ္ဈိမကို ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ငါးဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးခေါင်းစဉ်နဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ 

ဒီဆွေးနွေးပွဲမှာ ဘယ်လိုသဘောတူညီမှုတွေ ရရှိခဲ့ပါသလဲ။ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ PPST အဖွဲ့ဝင် ငါးဖွဲ့အနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို မဇ္ဈိမ သတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

#weeklyinterviews
#ppst
#ALP
#Mizzima
#၂၀၀၈ဖွဲ့စည်းပုံ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required