စီးပွားရေးအရ အချုပ်အခြာအာဏာကို ထိပါးမည့် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများကို အရှေ့တောင်အာရှနိုင်ငံများက ဟန့်တားထား

By Business Standard
30 December 2022
စီးပွားရေးအရ အချုပ်အခြာအာဏာကို ထိပါးမည့် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများကို အရှေ့တောင်အာရှနိုင်ငံများက ဟန့်တားထား

အရှေ့တောင်အာရှနိုင်ငံများသည် မိမိတို့၏ အချုပ်အခြာအာဏာကို စီးပွားရေးအရ ချိုးဖောက်မည့် တရုတ်၏ ကြိုးပမ်းမှုများကို ခံနိုင်ရည်ရှိစွာ ဟန့်တားထားပြီး နိုင်ငံအကျိုးစီးပွားအတွက် တရုတ်၏ ငွေကြေးအင်အားကို အသုံးချနေကြောင်း The Singapore Post ဖော်ပြသည်။

တရုတ်သည် ကမ္ဘာ့နိုင်ငံများကို ဗိုလ်ကျစိုးမိုးနိုင်သော နိုင်ငံဖြစ်စေရန် ရည်ရွယ်သည့် အမေရိကန်ဒေါ်လာ ထရီလီယံပေါင်းများစွာတန်သော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို အရှိန်မြှင့်ခြင်းဖြင့် အာဏာရရှိရေး ကြိုးပမ်းမှုကို စတင်ခဲ့သည်။

တရုတ်သည် လွန်ခဲ့သည့်ဆယ်စုနှစ်တစ်လျှောက်လုံးတွင် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီနှင့် ချေးငွေပုံစံဖြင့် ပေးအပ်သော ငွေကြေးအကူအညီသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းမှတစ်ဆင့် အတည်ပြုခဲ့ကြသော မငြင်းပယ် နိုင်လောက်သည့် သဘောတူညီချက်အများစုအားဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများ၏ စီးပွားရေး အချုပ်အခြာအာဏာကို မှေးမှိန်စေခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အာဖရိကတိုက်မှစ၍ တောင်အာရှအထိ နိုင်ငံများသည် တရုတ်နိုင်ငံ၏ ရက်စက်ကြမ်းကြုတ်သော ဘဏ္ဍာရေး ဗျူဟာ၏ သားကောင်များဖြစ်လာကြပြီး အခြားကမ္ဘာ့ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ငွေကြေးအကူအညီရယူရန် ဒေဝါလီခံခဲ့ကြရကြောင်း The Singapore Post ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ် နှင့် အခြားနိုင်ငံများ အပါအဝင် ဒေသတွင်း ရည်ရွယ်ချက် အမျိုးမျိုးအတွက် စိတ်ဝင်စားမှုရှိလာကြောင်း ပြသနေသော်လည်း နိုင်ငံများသည် ယေဘုယျ အားဖြင့် တရုတ်နိုင်ငံ၏ဘဏ္ဍာရေးအပေါ် အလွန်အမင်း မမှီခိုရစေရန် ၎င်းတို့ စီးပွားရေးကို ခိုင်ခံ့အောင် စီမံထားသည်ဟု ဆိုသည်။

လုံခြုံရေးအကျိုးစီးပွားနှင့် ဗျူဟာမြောက်အရေးပါသောအချက်အခြာနေရာများအပေါ် တရုတ်၏ဦးစားပေးမှုက အရှေ့တောင်အာရှတွင် အဆက်မပြတ်ကျဆုံးခြင်းအတွက် စိတ်ပျက်စရာများနှင့် ပြဿနာများကို ထပ်မံဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံသည် သက်ဆိုင်ရာနိုင်ငံများအား စီးပွားရေးကြွေးမြီထောင်ချောက်ထဲသို့ တွန်းပို့ကာ ၎င်းနိုင်ငံများနှင့် သီးသန့်မိတ်ဖက်အဖြစ် တည်ဆောက်ရန် ကြိုးပမ်းနေပြီး တရုတ်၏ မဟာဗျူဟာသည် အရှေ့တောင်အာရှတွင် မအောင်မြင်ခဲ့ကြောင်း The Singapore Post သတင်းက ဖော်ပြခဲ့သည်။

အာဆီယံဒေသတွင်း အဖွဲ့ဝင်များသည် တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ ဟန်ချက်ညီညီ ထိန်းသိမ်းကာ အုပ်စုဖွဲ့ခြင်းဖြင့် တရုတ်ကတိကဝတ်များကိုလိုက်နာရန် သွေးဆောင်ဖြားယောင်း၍မရကြောင်း အချက်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly