အာဖဂန်ကျောင်းသူများ၏ တက္ကသိုလ်ပညာသင်ယူမှုကို တာလီဘန်တို့ ပိတ်ပင်ခြင်းအပေါ် အမျိုးသမီးများ ဆန့်ကျင်ဆန္ဒပြ

အာဖဂန်ကျောင်းသူများ၏ တက္ကသိုလ်ပညာသင်ယူမှုကို တာလီဘန်တို့ ပိတ်ပင်ခြင်းအပေါ် အမျိုးသမီးများ ဆန့်ကျင်ဆန္ဒပြ

အာဖဂန်နစ္စတန်နိုင်ငံတွင် ကျောင်းသူမိန်းကလေးများ၏ အဆင့်မြင့်ပညာသင်ယူမှုအပေါ် တာလီဘန်တို့က ပိတ်ပင်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါနိုင်ငံရှိ မြို့ကြီးများတွင် အမျိုးသမီးများ လမ်းပေါ်ထွက်လာ ကြပြီး တာလီဘန်တို့၏ ပိတ်ပင်ချက်ကို ဆန့်ကျင်သည့် ဆောင်ပုဒ်များ ကိုင်မြှောက်ဆန္ဒပြခဲ့ကြသည်။

မြို့တော် ကဘူးလ်အပြင် နန်ဂါဟာ၊ တက်ခါနှင့် ဟီရတ်တို့မှ ဆန္ဒပြသူများသည် အရိုးခိုက်အောင် အေးလှသည့် ဆောင်းတွင်းရာသီဥတုအောက်တွင် မီးသတ်ပိုက်ဖြင့် ဖြိုခွင်းခံရမှုကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့ကြကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

တာလီဘန်တို့ ယခုနောက်ထပ် လုပ်ဆောင်လာသော ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်အတွင်း အမျိုးသမီးဝန်ထမ်းများ အလုပ်လုပ်ခြင်းအပေါ် ပိတ်ပင်တားမြစ်ရန် ပြည်တွင်း၊ ပြည်ပ NGO (အစိုးရမဟုတ်သော အဖွဲ့များ) အားလုံးကို

ညွှန်ကြားခဲ့သည့် အမိန့်ညွှန်ကြားချက်တစ်ခုလည်း ထွက်ပေါ်ခဲ့သည့်အတွက် ဆန္ဒပြမှုများက ပိုမို အရှိန်ပြင်းထန် လာဖွယ် ရှိကြောင်း TOLOnews က ဖော်ပြသည်။

တာလီဘန်တို့၏ ပိတ်ပင်ချက်များအပေါ် ကမ္ဘာတစ်ဝန်းမှ ဝိုင်းဝန်းပြစ်တင်ရှုတ်ချခဲ့ကြသည်။

“ကျောင်းသူမိန်းက‌လေးတွေ အဆင့်မြင့်ပညာရေး သင်ယူလိုက်စားမှုအပေါ် တားမြစ်တဲ့ တာလီဘန် အမိန့်ညွှန်ကြားချက်အပေါ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က ဟီရတ်ပြည်နယ်မှာ အမျိုးသမီး ဒါဇင်များစွာတို့ ဆန္ဒပြခဲ့ကြတယ်” ဟု Khaama Press က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly