အာဖဂန်နစ္စတန်၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပါကစ္စတန်က လုယက်နေ

By The Print
30 December 2022
အာဖဂန်နစ္စတန်၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပါကစ္စတန်က လုယက်နေ

ပါကစ္စတန်အေးဂျင့်များသည် စစ်ဒဏ်သင့် အာဖဂန်နစ္စတန်နိုင်ငံမှ ရှေးဟောင်း ဆင်းတုများနှင့် အခြား ရှေးအသုံးအဆောင်ပစ္စည်းများကို မှောင်ခို ခိုးထုတ်ခြင်းအားဖြင့် အာဖဂန်နစ္စတန်၏ ယဉ်ကျေးမှု အမွေအနှစ်များကို လုယက်လျက် ရှိကြောင်း Afghan Diaspora Network က ဖော်ပြသည်။

ထိုကဲ့သို့ မှောင်ခို ခိုးထုတ်ခြင်းကို နိုင်ငံတကာ မှောင်ခိုကူးသူများ လုပ်ငန်းအဖွဲ့တစ်ခုက လုပ်ဆောင်ပြီး ၎င်းတို့ကို ဒေသခံ အာဖဂန်တာဝန်ရှိသူများက ပံ့ပိုးကူညီပေးသည်။ အဆိုပါ ပြစ်မှုကျူးလွန်မှုအတွက် အဓိက အထောက်အပံ့ကို အိမ်နီးချင်း ပါကစ္စတန် နယ်နိမိတ်မှ လုပ်ကိုင်နေသူများက ပံ့ပိုးပေးသည်။

ရှေးဟောင်း အာဖဂန် ကျမ်းစာများ/ ရုပ်တု အများအပြား ပါကစ္စတန်မှတဆင့် နိုင်ငံတကာ တရားမဝင်ဈေးကွက်ထဲ ရောက်ရှိနေခြင်းက အများသိ လျှို့ဝှက်ချက်တစ်ခုဖြစ်ကြောင်း Afghan Diaspora Network က ဖော်ပြသည်။

အာရှ၏ အသည်းနှလုံးအဖြစ် ရံဖန်ရံခါ ရည်ညွှန်းခံခဲ့ရသော အာဖဂန်နစ္စတန်တွင် ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှု အမွေအနှစ်တစ်ခု ရှိသည်။ သို့သော် နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းနှင့် အကြမ်းဖက်မှုပုံစံဖြင့် ရာစုနှစ်များကြာ ကသောင်းကနင်းဖြစ်မှုကြောင့် အဆိုပါ ကြီးမားသော အဖိုးတန်အရာများအပေါ် ပြန်ပြောင်းတွေးတောရန်နှင့် အမွေအနှစ်တို့၏ ကျယ်ပြောမှုကို တွေ့ကြုံခံစားရန် အခွင့်မသာခဲ့ပေ။

အဆိုပါ အမွေအနှစ်တို့၏ အရေးကြီးသော အချက်အချာကဏ္ဍတစ်ခုက ဗုဒ္ဓဘာသာဖြစ်ပြီး ယင်းသည် ၁၀ ရာစု မတိုင်မီ အာဖဂန်တွင် အဓိကလွှမ်းမိုးမှုတစ်ခု ဖြစ်ခဲ့သည်။ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓလိုဏ်ဂူဘုရားများသည် ဂျလာလာဘတ်၊ ဟာအီဘတ်နှင့် ဘာမီယန် ဆိုသည့် ဒေသသုံးခုတွင် အဓိက စုစည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly