ပါကစ္စတန်၏ မြို့တော်တွင် လုံခြုံရေးတပ်လှန့်ထားပြီး လူစုဝေးမှုများကို တားမြစ်

ပါကစ္စတန်၏ မြို့တော်တွင် လုံခြုံရေးတပ်လှန့်ထားပြီး လူစုဝေးမှုများကို တားမြစ်

ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလမ်မာဘတ်၏ အာဏာပိုင်တို့သည် လာမည့် ဒေသန္တရအစိုးရ ရွေးကောက် ပွဲများနှင့် ဆက်နွယ်သည့် လှုပ်ရှားဆောင်ရွက်ချက်များ အပါအဝင် အများပြည်သူ စုဝေးမှုမှန်သမျှကို သီတင်းနှစ်ပတ်ကြာ ပိတ်ပင်တားမြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့ပြီး မြို့တော်တွင် ၄၈ နာရီကြာ အထူးသတိပေးချက် ထုတ်ပြန်ကြောင်း ကြေညာခဲ့သည်။

“ဥပဒေစိုးမိုးရေး အေဂျင်စီတွေ ထုတ်ပြန်ထားတဲ့ အကြံပေးချက်တွေ၊ ခြိမ်းခြောက်မှု သတိပေးချက်တွေနဲ့အတူ ဒီနေ့မှာ ရဲတပ်ဖွဲ့အပေါ် တိုက်ခိုက်တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက်မှာ အစ္စလမ်မာဘတ်ရဲ့ လုံခြုံရေးကို တိုးမြှင့်တင်းကျပ်ထားပါတယ်။ မြို့တော် နယ်နိမိတ်အတွင်းမှာ အများပြည်သူတွေရဲ့ နေထိုင်မှုဘဝတွေနဲ့ ပြည်သူပိုင်အဆောက်အအုံ ပစ္စည်းတွေကို ထိခိုက်စေပြီး တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်တဲ့ ခြိမ်းခြောက်မှု တွေကို ဖယ်ရှားဖို့ ဖြစ်ပါတယ်” ဟု မြို့တော် စီမံအုပ်ချုပ်ရေးအကြီးအကဲ အာဖန် နာဝက်ဇ် မန်မွန်၏ ရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ရှေ့လာမည့် ရက်များအတွင်း ထိုကဲ့သို့သော ခြိမ်းခြောက်မှုလုပ်ရပ်များ၏ ဖြစ်နိုင်ခြေ အလားအလာကို ထည့်မတွက်ဘဲ ထား၍ မရနိုင်ပေ။

လက်ရှိ အခြေအနေကို ထည့်တွက်သုံးသပ်ခြင်းအားဖြင့် အထူးသဖြင့် လာမည့် ဒေသန္တရ အစိုးရရွေးကောက်ပွဲများနောက်ပိုင်း လမ်းပေါ်လူစုဝေးမှုများ၊ အများပြည်သူ တွေ့ဆုံပွဲများနှင့် အသင်းအဖွဲ့ လူစုဝေးမှုများအားလုံးအပေါ် မြို့တော် စီမံအုပ်ချုပ်ရေးအကြီးအကဲက ပိတ်ပင်ချက်တစ်ရပ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခု အမိန့်ညွှန်ကြားချက်သည် ချက်ချင်း အသက်ဝင်လာခဲ့ပြီး သီတင်းပတ် နှစ်ပတ်ကြာအထိ ဆက်ရှိနေမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly