တရုတ်တွင် အလုပ်လုပ်နိုင်သူ အရေအတွက် ၂၀၃၀ ခုနှစ်အလွန်တွင် လျင်မြန်စွာ ကျဆင်းလာမည်

တရုတ်တွင် အလုပ်လုပ်နိုင်သူ အရေအတွက် ၂၀၃၀ ခုနှစ်အလွန်တွင် လျင်မြန်စွာ ကျဆင်းလာမည်

တရုတ်တွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်အကြား အလုပ်လုပ်ကိုင်နိုင်သော အသက်အရွယ် လူဦးရေသည် ၂၀၃၀ ပြည့်အလွန်နှစ်များတွင် လျင်မြန်စွာ ကျဆင်းလာမည်ဖြစ်ပြီး ရာစုနှစ်အကုန်တွင် ၃၇၈ သန်းဖြစ်သည့် ၆၀ ရာခိုင်နှုန်း အထိကျဆင်းသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းချက်ထားသည်ဟု မလေးရှားအခြေစိုက် The Star က ဖော်ပြလိုက်သည်။

အလုပ်လုပ်ကိုင်နိုင်သော အသက်အရွယ်ရှိသူဦးရေသည် ၂၀၁၄ခုနှစ်တွင် ၉၉၇ သန်းရှိခဲ့ရာမှ ၂၀၂၁ခုနှစ်တွင် ၉၈၆ သန်းသို့ ကျဆင်းသွားခဲ့သည်။

အလုပ်လုပ်နိုင်သူဦးရေ ကျဆင်းမှုသည် တရုတ်၏ အလားအလာရှိသော စီးပွားရေးတိုးတက်မှုကို ထိခိုက်စေပြီး ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပြောင်းအလဲများကို ဖြစ်ပေါ်စေသည်။

တရုတ်တစ်နိုင်ငံတည်းသာ ယင်းကဲ့သို့ ကြုံတွေ့နေရသည်မဟုတ်ပေ။ ဖွံ့ဖြိုးပြီးနိုင်ငံအများအပြားတွင် မွေးဖွား နှုန်းကျဆင်းမှုနှင့် အသက်ရှည်မှုများကြောင့် အသက်အရွယ်ကြီးသူအရေအတွက် များပြားလာပြီး လူဦးရေ ကျဆင်းလျက်ရှိသည်။

"လူဦးရေတိုးတက်မှုက အခြေခံ အားဖြင့် လုပ်သားအင်အားနဲ့ ကုန်ထုတ်စွမ်းအားစုဖြစ်ပြီး၊ တရုတ်က ၂ ခုစလုံး အတွက် အလားအလာ မကောင်းပါဘူး" ဟု အောက်စဖို့ဒ်တက္ကသိုလ်၏ တရုတ်ဌာနမှ သုတေသနအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုဘဏ် UBS မှ စီးပွားရေးပညာရှင်ဖြစ်သူ ဂျော့မန်နက်က ပြောကြားခဲ့သည်။

တရုတ်မွေးဖွားနှုန်းသည် ၁၉၈၀ပြည့်နှစ်များတွင် ၂ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၁ခုနှစ်တွင် ၁ ဒသမ ၁၅ သို့ ကျဆင်းသွားသည်။ ယင်းသည် သေဆုံးနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းအောက် နည်းပါးသဖြင့် မွေးနှုန်းက သေနှုန်း အောက်နည်းနေသည်။

တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒကို ၂၀၁၆ခုနှစ်တွင် ပယ်ဖျက်ခဲ့ပြီး ၂၀၂၁ခုနှစ်တွင် ကလေး ၃ ယောက် မူဝါဒကို ပြဋ္ဌာန်းခဲ့ကာ အခွန်နှင့် အခြားမက်လုံးများပေးခဲ့သည်။

နိုင်ငံအသီးသီး၏ အတွေ့အကြုံများကို အခြေခံ၍ မွေးဖွားနှုန်းသည် သေနှုန်းအောက် ကျဆင်းသွားသည်နှင့် ပြန်လည်မြှင့်တင်ရန် ခက်ခဲကြောင်း ကုလသမဂ္ဂ လူဦးရေဌာနခွဲ၏ ညွှန်ကြားရေးမှူးဟောင်းနှင့် လူဦးရေ ပညာရှင် ဂျိုးဆက်ချာမိန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required