ကာကွယ်ရေးပစ္စည်းများဝယ်ရန် ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံ အမေရိကန်ထုတ်ချေး

ကာကွယ်ရေးပစ္စည်းများဝယ်ရန် ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံ အမေရိကန်ထုတ်ချေး

တရုတ်ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ထိုင်ဝမ်အား အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ချေးငှားမည့် ကာကွယ်ရေးဥပဒေမူကြမ်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ခရစ္စမတ်လက်ဆောင်အဖြစ် လက်မှတ်ရေးထိုးလိုက်သည်။

ကာကွယ်ရေးဌာနသို့ အမေရိကန်ဒေါ်လာ ၈၁၆ ဒသမ ၇ ဘီလီယံ ခွဲဝေပေးမည့် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် နိုင်ငံတော်ကာကွယ်ရေးအက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၃ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

H.R. 7776 ဟု လူသိများသော အဆိုပါအက်ဥပဒေသည် နိုင်ငံခြားရေးဌာန၊ အမိမြေလုံခြုံရေးဌာန၊ ရေကြောင်းစီမံခန့် ခွဲမှု၊ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့၊ ထောက်လှမ်းရေးအသိုင်းအဝိုင်းနှင့် "ကာကွယ်ရေးဌာန အစီအစဉ်များ နှင့် စစ်ရေးတည်ဆောက်မှုများ” အတွက် အဓိက လျာထားဘတ်ဂျက်ကို အတည်ပြုခဲ့သည်။

အထက်လွှတ်တော်မှ အတည်ပြုခဲ့သော ၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် ပြီးပြည့်စုံသည့် လျာထား ဘတ်ဂျက်အက်ဥပဒေကိုလည်း ယင်းနေ့တွင်ပင် အောက်လွှတ်တော်က အတည်ပြုခဲ့သည်။

NDAA အရ ထိုင်ဝမ်အား အမေရိကန်ထုတ်လက်နက်နှင့် ကာကွယ်ရေး ပစ္စည်းများဝယ်ယူရေးအတွက် နိုင်ငံခြား စစ်ဘက်ဆိုင်ရာဘဏ္ဍာရေးထောက်ပံ့ငွေနှင့် ချေးငွေအကူအညီပေးရေး အစီအစဉ်အရ ထိုင်ဝမ်ကို အမေရိကန် ဒေါ်လာ ၂ ဘီလီယံအထိ ထောက်ပံ့ပေးရန် အမေရိကန်နိုင်ငံခြားရေးဌာနသည် အခွင့်အာဏာရှိသည်။

ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလမှာ ၁၂ နှစ်ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပဖိစိတ်အဖျားစွန်းနိုင်ငံများ (RIMPAC) က မကြာမီပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ထိုင်ဝမ် တရားဝင် ပါဝင်ရန် အကြံပြုချက်လည်း NDAA တွင် ပါဝင်သည်။

ဆိုးရွားသည့် နိုင်ငံရေးရန်စမှုဖြစ်ကြောင်း NDAA သဘောတူညီချက်ကို တရုတ်က ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required