နီပေါအစိုးရသစ်က တရုတ်၊ အိန္ဒိယနှင့် ဆက်ဆံရေး ချိန်ခွင်လျှာညှိရန် ကြိုးပမ်းနေ

နီပေါအစိုးရသစ်က တရုတ်၊ အိန္ဒိယနှင့် ဆက်ဆံရေး ချိန်ခွင်လျှာညှိရန် ကြိုးပမ်းနေ

ကမ္ဘာအဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်သည့် နီပေါက စီးပွားရေးတိုးတက်ရန်ကြိုးပမ်းနေခြင်းကြောင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် ဆက်ဆံရေးဟန်ချက်ညီအောင် ဆောင်ရွက်သွားမည်ဟု မော်ဝါဒီသူပုန်အကြီးအကဲ ဟောင်း ဦးဆောင်သော အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများက Reuters သို့ ပြောကြားလိုက်သည်။

ပန်ချန်ဒါဟု လူသိများသည့် ကာမယ်ဒါဟယ်လ်က ယခင်ညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ပြီး အတိုက်အခံဖြစ်သည့် ညီညွတ်သော မာ့စ်-လီနင်ကွန်မြူနစ်(UML) ပါတီနှင့် အခြားပါတီငယ် ၅ ခု၏ ထောက်ခံမှုကို ရယူပြီးနောက် ဒီဇင်ဘာ ၂၅ရက်တွင် တတိယအကြိမ်မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ .

နိုဝင်ဘာလရွေးကောက်ပွဲက ငြိမ်သက်နေသော လွှတ်တော်ကို ပြန်လည်အသက်ဝင်စေခဲ့သည်။

နီပေါသည် တရုတ်နှင့် အိန္ဒိယတို့ သြဇာလွှမ်းမိုးရေးကြိုးပမ်းနေသည့် တောင်အာရှဒေသမှ နိုင်ငံတစ်ခုဖြစ်သည်။

နီးကပ်သော သမိုင်းကြောင်းဆက်ဆံရေးနှင့် ရှည်လျားသော နယ်နိမိတ်များကို အခြေခံ၍ လူဦးရေ သန်း ၃၀ ရှိသည့် ဟိမဝန္တာဒေသနိုင်ငံဖြစ်ကာ ဟိန္ဒိူအများစုနေထိုင်သည့် နီပေါကို သဘာဝမဟာမိတ်အဖြစ် ကာလ ကြာရှည်စွာကတည်းက အိန္ဒိယက သတ်မှတ်ထားသည်။

" အိမ်နီးချင်း နှစ်နိုင်ငံစလုံးနဲ့ တန်းတူညီမျှတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းသွားမှာပါ" ဟု ပန်ချန်ဒါ ၏ Maoist Center ပါတီ၏ အကြီးတန်းအဖွဲ့ဝင် ကာဂျီရှီရက်တာက Reuters သို့ ပြောကြားခဲ့သည်။ ရှီရက်တာသည် ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

" ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး၊ အရန်ငွေများကို ထိန်းသိမ်းရေး၊ အရင်းအနှီးအသုံးစရိတ်များ မြှင့်တင်ရေး၊ ကုန်သွယ်မှုလိုငွေ နည်းစေရေးနဲ့ အတိုးနှုန်း လျှော့ချခြင်းတို့ကို အာရုံစိုက်လုပ်ကိုင်သွားပါမယ်”

တရုတ်နှင့် အိန္ဒိယက ရေအားလျှပ်စစ်ထုတ်လုပ်ရန် အလားအလာ ပေါကြွယ်ဝသည့် နီပေါသို့ အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာဘီလီယံပေါင်းများစွာ မြှုပ်နှံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly