ဖားကန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ် ရာရ

ဖားကန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ် ရာရ

ဒီဇင်ဘာလ ၃၀ ရက်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအတွင်းသို့ ယနေ့ ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က မဇွပ်ယန်အချုပ်ထောင်အား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

“ပထမတစ်ချက်က ရွာထဲကိုကျတယ်။ နောက်တစ်ချက်ကလည်း ရွာထဲကကက်သလစ်ဘုရားရှိခိုး ကျောင်းကိုမှန်တယ်။ အဲဒီမှာက ဆရာမရောကလေးတွေပါ ထိကုန်တယ်”ဟု ဆန်ခါကျေးရွာသား တစ်ဦး က ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုများ ထိခိုက်ခဲ့ပြီး ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းများ၏ကူညီမှုဖြင့် ဖားကန့်ဆေးရုံသို့ ပို့ဆောင်ကုသနေပြီဖြစ် ကြောင်း သိရသည်။

ဖားကန့်ဒေသရှိ မဇွပ်ယန်အချုပ်ထောင်မှ စစ်ကောင်စီတပ်များက ယခုဒီဇင်ဘာလ လဆန်းပိုင်းမှစပြီး လက်နက်ကြီးများဖြင့် ကျေးရွာဘက်သို့ မကြာခဏဆိုသလို ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထိခိုက်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly