ထိုင်ဝမ်အတွက်လုံခြုံရေးအကူအညီများတိုးမြှင့်ပေးမည့်ဥပဒေကို အမေရိကန်သမ္မတ လက်မှတ်ထိုးပြီးနောက် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်

By SCMP
29 December 2022
ထိုင်ဝမ်အတွက်လုံခြုံရေးအကူအညီများတိုးမြှင့်ပေးမည့်ဥပဒေကို အမေရိကန်သမ္မတ လက်မှတ်ထိုးပြီးနောက် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်

ထိုင်ဝမ်အတွက်လုံခြုံရေးအကူအညီများတိုးမြှင့်ပေးမည့်ဥပဒေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြီး တစ်ရက်အကြာတွင် တရုတ်စစ်တပ်က ဒီဇင်ဘာ၂၅ရက်က ထိုင်ဝမ်အနီး၌ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

"တရုတ်စစ်တပ်၏အရှေ့ပိုင်းကွပ်ကဲမှုစစ်ဌာနချုပ်ကဒီဇင်ဘာ၂၅ရက်ကထိုင်ဝမ်တစ်ဝိုက်ရှိလေပိုင်နက်နှင့်ရေပြင်တွင်ပူးတွဲတိုက်ခိုက်ရေးအသင့်ကင်းလှည့်မှုများနှင့်ပစ်ခတ်လေ့ကျင့်မှုများကိုပြုလုပ်ခဲ့သည်" ဟု စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးရှီရီကပြောကြားခဲ့သည်။

“အမေရိကန်နဲ့ထိုင်ဝမ်ရဲ့ပူးပေါင်းကြံစည်မှုနဲ့ရန်စမှုတွေအတွက်ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့တာပါ။နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲမှုကိုအခိုင်အမာကာကွယ်ဖို့အတွက်လိုအပ်တဲ့အစီအမံတွေအားလုံးကိုဌာနချုပ်က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

နှစ်နိုင်ငံကြားလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက်ထိုင်ဝမ်ကာကွယ်နိုင်စွမ်းခိုင်မာအားကောင်းရေးအက်ဥပဒေပါဝင်သည့်၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ်သစ်အတွက်နိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက်အက်ဥပဒေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးပြီးနောက် တရုတ်၏ စစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုင်ဝမ်ကာကွယ်ရေးစွမ်းရည်အားကောင်းစေရေးအတွက်လာမည့်၅နှစ်အတွင်းရန်ပုံငွေအမေရိကန်ဒေါ်လာ၁၀ဘီလီယံအထိခွင့်ပြုပေးမည့်ဥပဒေသစ်သည်လက်နက်ပြိုင်ဆိုင်မှုကိုအရှိန်မြှင့်နိုင်ပြီးတရုတ်နှင့်အမေရိကန်အကြား ဆက်ဆံရေးကိုပိုမိုထိခိုက်စေနိုင်ကြောင်းလေ့လာသူများကသတိပေးထားသည်။

ထိုင်ဝမ်အားတရုတ်ကယင်း၏အစိတ်အပိုင်းအဖြစ်ရှုမြင်ထားပြီးအင်အားသုံးသိမ်းပိုက်နိုင်ကြောင်းပြောကြားထားသည်။

နိုင်ငံအများအပြားကဲ့သို့ပင်၊အမေရိကန်ကထိုင်ဝမ်အားလွတ်လပ်သည့်နိုင်ငံအဖြစ်အသိအမှတ်မပြုသော်လည်းအင်အားသုံး၍သိမ်းယူရန်ကြိုးပမ်းမှုမှန်သမျှကိုဆန့်ကျင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required