ဂတ်ပိုကို ပီအက်စ်ဗီကနေ ခေါ်ယူဖို့ သဘောတူညီမှုရရှိတဲ့ လီဗာပူးလ်အသင်း

ဂတ်ပိုကို ပီအက်စ်ဗီကနေ ခေါ်ယူဖို့ သဘောတူညီမှုရရှိတဲ့ လီဗာပူးလ်အသင်း
Photo: EPA

လီဗာပူးလ်အသင်းဟာ နယ်သာလန် တိုက်စစ်မှူး ကော့ဒီ ဂတ်ပိုကို နယ်သာလန်ကလပ် ပီအက်စ်ဗီကနေ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒီသဘောတူညီမှုဟာ ယူရိုသန်း ၄၀-၅၀ (ပေါင် 35.4 သန်း-44.3 သန်း) တန်ကြေးရှိပြီး ပီအက်စ်ဗီကလပ်က သူတို့အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးလို့ ဆိုထားပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂတ်ပိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ လီဗာပူးလ်ကို တရားဝင်ရောက်ရှိလာမှာဖြစ်ပြီး သူ့စာချုပ်ဟာ ၂၀၂၈ နွေရာသီအထိဖြစ်ပါတယ်။

"ကျနော် လေ့ကျင့်ခန်းစဆင်းဖို့နဲ့ အံ့သြစရာကောင်းတဲ့ ကလပ်အတွက် ကစားပေးဖို့ မျှော်လင့်နေပါတယ်"လို့ ဂတ်ပိုက ပြောပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂတ်ပိုကို ခေါ်ယူဖို့ အပြင်းအထန် ချိတ်ဆက်နေခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ ဒီရာသီ ကောင်းမွန်တဲ့ ပုံစံရနေပြီး ပီအက်စ်ဗီအတွက် လိဂ်ပွဲ ၁၄ ပွဲကစားရာမှာ ၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားပါတယ်။

သူဟာ ယူရိုပါလိဂ် ပွဲစဉ် ၅ ပွဲမှာ ၃ ဂိုး သွင်းယူပြီး ၂ ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။

သူဟာ နိုင်ငံအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီနီဂေါ၊ အီကွေဒေါ၊ ကာတာတို့နဲ့ ကစားခဲ့တဲ့ အုပ်စုပွဲစဉ်တွေမှာ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly