ဗြိတိန်တက္ကသိုလ်များရှိကွန်ဖြူးရှပ်ကျောင်းများက တရုတ်၏ ပြည်ပဝါဒဖြန့်မှုအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်

By The Print
28 December 2022
ဗြိတိန်တက္ကသိုလ်များရှိကွန်ဖြူးရှပ်ကျောင်းများက တရုတ်၏ ပြည်ပဝါဒဖြန့်မှုအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်

ဗြိတိန်တက္ကသိုလ်များနှင့် ကွန်ဖြုးရှပ်ကျောင်းများ ပေါင်းစည်းမှုသည် ပြည်ပတွင် တရုတ်မူဝါဒများနှင့် နိုင်ငံရေးဆိုင်ရာအယူအဆများလွှမ်းမိုးလာစေရန် တရုတ်၏ ပြည်ပဝါဒဖြန့်မှုအစီအစဉ်ဖြစ်ကြောင်း ဆောင်းပါးရှင် လယ်လစ်အန်းနက်က Asian Liteတွင် ရေးသားထားသည်။

ယခုရာစုနှစ်တွင် ကမ္ဘာ့လုံခြုံရေးနှင့်သာယာဝပြောရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဟု ဗြိတိန်က သတ်မှတ်ခေါ်ဝေါ်ခဲ့သော ကွန်ဖြူးရှပ်ကျောင်းများကို ဟန်ဘန်ခေါ် အပြည်ပြည်ဆိုင်ရာ တရုတ်ဘာသာ စကားမြှင့်တင်ရေး အဖွဲ့ငယ်ရုံး (LSG) က ကြီးကြပ်သည်။

ကွန်ဖြုးရှပ်ဌာနချုပ်ကောင်စီတည်ထောင်ပြီး နှစ်အနည်းငယ်အကြာတွင် ၎င်းသည် တရုတ်ကွန်မြူနစ်ပါတီ ဝါဒဖြန့်စနစ်နှင့် တဖြည်းဖြည်းပူးပေါင်းလာသည်။

ဗြိတိသျှတက္ကသိုလ်များနှင့် ကျောင်းပေါင်း ၁၅၀ အတွင်းတွင် ကွန်ဖြူးရှပ်ကျောင်းပေါင်း ၃၀ ခန့်ရှီပြီး တရုတ်အစိုးရမှ ယူရို ၄၆ ၀၀၀ ၀၀၀ ပံ့ပိုးပေးထားသည်။ အဆိုပါကျောင်းများ၏ လွှမ်းမိုးမှုသည် ဗြိတိသျှ နိုင်ငံရေး၊ ပညာရေးနှင့် စီးပွားရေးတို့အထိ ပျံ့နှံ့ရောက်ရှိသည်။

ကွန်ဖြူးရှပ်ကျောင်းများသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာရမည်ဟု ဟန်ဘန်သဘောတူညီချက်တွင် အတိအလင်းဖော်ပြထားသည်။

ဗြိတိန်တက္ကသိုလ်များသည် ကွန်ဖြူးရှပ်ကျောင်းအမည်နာမအောက်၌ တရုတ်ဘဏ်နှင့် အထူးဘဏ် အကောင့်ဖွင့်လှစ်ထားရပြီး ကွန်ဖြူးရှပ်ကျောင်းများအတွက် နှစ်စဉ်ရန်ပုံငွေသတ်မှတ်ထားကာ အနည်းဆုံး ဟန်ဘန်၏ကနဦးထည့်ဝင်ငွေ ဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၅၀ ၀၀၀ နှင့်ညီမျှသည်။

အစိုးရက တရုတ်၏ကြီးထွားလာသောသက်ရောက်မှုကို ပိုမိုလိုက်လျောညီထွေအောင် လုပ်ရန် ကတိပြုခဲ့ပြီး စိုးရိမ်နေသူများကိုလည်း ကွန်ဖြူးရှပ်ကျောင်းများ၏လှုပ်ရှားမှုအကြောင်း သတင်းပို့ရန် တိုက်တွန်းကာ ဗြိတိန်ပညာရေးဌာနက ကွန်ဖြူးရှပ်ကျောင်းများနှင့်ပတ်သက်သော ၎င်းရပ်တည်ချက်ကို တင်းကျပ် ထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required