ပထဝီဝင်နိုင်ငံရေးအနေအထားကို ခိုင်မာအားကောင်းစေရန် တရုတ်က ဆိုက်ဘာသူလျှိုလုပ်နေ

ပထဝီဝင်နိုင်ငံရေးအနေအထားကို ခိုင်မာအားကောင်းစေရန် တရုတ်က ဆိုက်ဘာသူလျှိုလုပ်နေ

ပထဝီနိုင်ငံရေးအနေအထားခိုင်မာအားကောင်းရေးဆောင်ရွက်သည့်ဆိုက်ဘာသူလျှိုမှုနှင့်ငွေကြေးဆိုင်ရာရာဇဝတ်မှုများတွင်တရုတ်ကျောထောက်နောက်ခံပြုထားသည့်ဟက်ကာများကပါဝင်ပတ်သက်နေကြောင်းGeo-politikကဖော်ပြလိုက်သည်။

နိုင်ငံ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်ရန်ယင်းဟက်ကာများကတရုတ်အစိုးရနှင့်ပူးပေါင်းလုပ်ဆောင်နေခြင်းက လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ။

ယင်းAPT41အုပ်စုတွင်တရုတ်အခြေစိုက်Winnti၊Barium နှင့်Wicked Panda ကဲ့သို့သော ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီများပါဝင်နေသည်။ထိုအဖွဲ့ကိုတရုတ်ထောက်လှမ်းရေးအုပ်စုဟုယူဆထား ကြောင်းGeo-politikသတင်းတွင်ဖော်ပြထားသည်။

နိုင်ငံတော်၏ညွှန်ကြားချက်များကိုAPT41ကလုပ်ဆောင်ရသည့်အဓိကအချက်မှာသူလျှိုလုပ်ရေးအတွက်အသုံးပြုနိုင်သည့်အမေရိကန်နိုင်ငံသားများ၊အဖွဲ့အစည်းများ၊စီးပွားရေးလုပ်ငန်းများနှင့်ပုဂ္ဂိုလ်ရေးအချက်အလက်များကိုစုဆောင်းရန်ဖြစ်သည်။

မကြာသေးမီက ချန်ဒူမြို့အခြေစိုက်ဟက်ကာအဖွဲ့ APT41က အသေးစားစီးပွားရေးစီမံခန့်ခွဲမှုချေးငွေနှင့် အလုပ်လက်မဲ့အာမခံရန်ပုံငွေများအပါအဝင်ပြည်နယ်တစ်ဒါဇင်ကျော်ရှိကိုဗစ်သက်သာခွင့်ချေးငွေအမေရိကန်ဒေါ်လာသန်း၂၀ထက်မနည်းကို ခိုးယူခဲ့ကြောင်းGeo-politikကဖော်ပြခဲ့သည်။

ကိုဗစ်ရန်ပုံငွေခိုးယူမှုကို၂၀၂၀ပြည့်နှစ်အလယ်ပိုင်းတွင်စတင်ခဲ့ပြီးငွေကြေးလွှဲပြောင်းမှု၄၀ဝ၀ဝကျော်နှင့်ဆက်စပ် သောအကောင့်၂၀ဝ၀ကိုထိုးဖောက်ခဲ့သည်။

ယင်းအခွန်ထမ်းရန်ပုံငွေများခိုးယူမှုသည်အမေရိကန်အစိုးရကကြေညာထားသည့်နိုင်ငံခြားအစိုးရကပံ့ပိုးပေးသောဆိုက်ဘာရာဇဝတ်ကောင်များနှင့်ဆက်စပ်နေသည့်ကပ်ရောဂါဆိုင်ရာပထမဆုံးအကြိမ်ငွေကြေးဆိုင်ရာရာဇဝတ်မှု ဖြစ်သည်။

ယင်းတို့သည်တရုတ်ဆိုက်ဘာသူလျှိုလုပ်မှု၏တစ်စိတ်တစ်ပိုင်းသာဖြစ်သေးကြောင်းအမေရိကန်တရားဥပဒေစိုးမိုးရေးအရာရှိများနှင့်ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly