(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲ ကို ဒီဇင်ဘာလ ၂၈ရက် ယနေ့တွင် ဆက်လက်ပြုလုပ်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုတိုက်ပွဲအရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” စာတန်းကို ဆွဲကိုင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေး ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ချီတက်မှုသည် ရွာပေါင်းစုံသပိတ်၏ ၆၅၇ ရက်မြောက် ချီတက်မှုဖြစ်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)