လူအများ အံ့သြရလောက်တဲ့ လက်နက်ကိုင် ခုခံစစ် (ဆောင်းပါး)

လူအများ အံ့သြရလောက်တဲ့ လက်နက်ကိုင် ခုခံစစ် (ဆောင်းပါး)

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အုပ်စု အာဏာသိမ်းခဲ့ချိန် နိုင်ငံအနှံ့မှာ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ် ခဲ့ကြပေမယ့် စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့အတူ လက်နက်ကိုင် ခုခံစစ်လည်း ပေါက်ဖွားလာခဲ့ပါတယ်။

အာဏာသိမ်းပြီးစ ၁ နှစ်မှာတော့ လက်နက်ကိုင်ခုခံစစ် သိပ်အားမကောင်းခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ထဲ မှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေလည်း မြန်မာနိုင်ငံတဝှမ်းပေါ်ပေါက်လာပြီး  လက် နက်ကိုင်ခုခံစစ်တွေလည်း အားကောင်းလာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက အာဏာသိမ်းပြီး ၆ လ အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ တနိုင် ငံလုံး ခုခံစစ်ဆင်နွှဲဖို့ ကြေငြာခဲ့ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်ထဲမှာတော့ စစ်ကောင်စီကို လက်နက်ကိုင် ခုခံစစ်နဲ့ အားကောင်းလာခဲ့ပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ပြည့်တော့မယ့်အချိန် အခု ၂၀၂၂ ခုနှစ် ခုခံ တော်လှန်စစ် ၁ နှစ် ပြည့်ချိန်မှာ တော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ရေးအရ ဖိအားပေးနိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှု တရားစီ ရင်ရေးနဲ့ ပညာရေးလုပ်ငန်းတွေကိုပါ ဆောင်ရွက်လာနိုင်ခဲ့တယ်လို့ NUG ယာယီ သမ္မတ ဒူဝါ လရှိလက ခုခံတော်လှန်စစ် ၁ နှစ်ပြည့် မိန့်ခွန်းမှာ အခုလို ပြောသွားပါတယ်။

1 min “တော်လှန်ရေး ၁ နှစ်ပြည့်လာတဲ့အခါ တနိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အစည်းများ ကို စနစ်တကျ စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှု မဟာ မိတ်တော်လှန်ရေး တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ လက်တွဲပူးပေါင်းမှုတို့နဲ့အတူ ရန်သူ အကြမ်း ဖက် စစ်အုပ်စုကို စစ်ရေးအရ ဖိအားများစွာ ပေးနိုင်နေပြီဖြစ်ပါတယ်။ နိုင်ငံရဲ့အနှံ့အပြားမှာ မိမိတို့ ပြည်သူ့တော်လှန်ရေးအနေနဲ့ စိုးမိုးနယ်မြေများစွာ တည်ဆောက်နိုင်ခဲ့သလို တနိုင်ငံလုံးမှာလည်း စစ်ရေးအရ လှုပ်ရှား ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နယ်မြေစိုးမိုးထားတဲ့ နေရတွေမှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တယားများ စနစ်တကျ တည်ဆောက်လျက် ရှိပါတယ်။ မိမိတို့နယ်မြေစိုးမိုးထားတဲ့ ၂၄ မြို့နယ်တွင် တရားသူကြီးအဖွဲ့များ စုဖွဲ့ပြီး တရားစီ ရင်ရေး လုပ်ငန်းများ စတင်အကောင်ထည်ဖော်နေပြီဖြစ်ပါတယ်။ “

ခုခံစစ်စတင်ခဲ့တဲ့ ၁ နှစ်အတွင်းမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅၀၀ ကျော် ကျဆုံးခဲ့ပြီး စစ်ကောင် စီဘက်က ၂ သောင်းကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက တရားဝင်ထုတ် ဖော်ပြောကြားထားပေမယ့် စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။

မြန်မာ့မဟာ ဗျူဟာနဲ့မူဝါဒလေ့လာရေး အင်စတီကျု ISP က ထုတ်ပြန်တဲ့ စာရင်းမှာတော့ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ တိုက်ပွဲပေါင်း ၅၉၂ ကြိမ် ထက်မနည်း ရှိခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေဟာ စစ်တပ်က အာဏာာသိမ်းခဲ့တဲ့ ၂၀၂၁ ထက်စာရင် ၂၀၂၂ မှာ ပိုများတယ်လို့ Chinland Joint Defence Committee ကပြောပါတယ်။ ၂၀၂၂ အစောပိုင်းမှာ စစ်ကောင်စီက ထိုးစစ် ဆင်တာ တွေရှိခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ချင်းပြည်နယ်ကာကွယ်ရေးအဖွဲ့တွေဘက်ကပဲ စခန်းသိမ်းဖို့ ပြင်ဆင်တဲ့အထိ အောင်မြင်မှုတွေ ရခဲ့တယ်လို့ CJDC တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

45 Sec “ပထမဆုံး စစ်ရေးအပိုင်းနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ၂၀၂၂ မှာ ချင်းပြည်နယ်အတွင်း တိုက်ပွဲ အကြိမ်ရေတွက်မယ်ဆိုရင် ၂၀၂၁ ထက် ၁ ဆ ပိုတယ်ပေါ့နော်။ ထိုးစစ်က ၂၀၂၂ အစော ပိုင်းလောက်မှာ ထိုးစစ်ဆင်နိုင်သေးတယ်။ အခု ၆ လပိုင်းကနေစပြီးတော့ စစ်ကောင်စီဘက်က လုံး၀ ထိုးစစ် မဆင်နိုင်တော့တဲ့အခြေအနေ ထိုးစစ်မဆင်တဲ့အခြေအနေမှာ ရှိပါတယ်။ ကျွန်တော် တို့ဘက်ကပဲ တိုက်စစ်တွေ ဖော်ဆောင်တယ်။ စခန်းသိမ်းဖို့ ကြိုးစားတဲ့ အခြေအနေမျိုးမှာရှိတယ်။ ကျွန်တော်တို့ကတော့ ၂၀၂၂ ကတော့ တော်တော်လေး အောင်မြင်မှုရရှိတယ်လို့ ယုံကြည်တယ်။”

ချင်းပြည်နယ်ရဲ့ တိုက်ပွဲအများစုဟာ ချင်းပြည်နယ်လက်ကိုင်ခုခံစစ် အစပြုရာဖြစ်တဲ့ မင်းတပ် မြို့ မှာဖြစ်ပါတယ်။ မင်းတပ်မြို့မှာ ၂၀၂၁ ကနေ ၂၀၂၂ ခုနှစ်အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော်တဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

တနင်္သာရီတိုင်းဘက်မှာဆိုရင်တော့ စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ နယ်မြေစိုးမိုး မှုရဖို့ အပြန်အလှန်ကြိုးစားနေတဲ့အခြေအနေမှာရှိနေတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြန်ကြားရေး တာဝန်ခံက အခုလိုပြောပါတယ်။

37 sec “တနင်္သာရီတိုင်းအခြေအနေနဲ့ ပြောရမယ်ဆိုရင်တော့ အပြန်အလှန်ထိန်းချုပ်ဖို့ ကြိုးစား တဲ့အနေအထားပဲ တွေ့ရတယ်ပေါ့နော်။ သူတို့ဘက်ကတော့ အတင်းအကြပ် ကြီးကြီး မားမားကြီး ထိုးစစ်ဆင်တာတော့ မတွေ့ရဘူး။ ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သလောက် ခုခံစစ်တွေ လုပ်နိုင်တဲ့အနေအထားရှိတယ်။ ဒီမှာ သူပြတ်ကိုယ်ပြတ် လုပ်တာတော့ မတွေ့ရဘူး။ အပြန်အလှန် နယ်မြေစိုးမိုးမှုလုပ်နိုင်အောင် ကြိုးစားနေတာ တွေ့ရတာပေါ့။”

မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသရဲ့ အချို့နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေး စနစ်ထူထောင် နိုင်ခဲ့ တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာတော့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်က ထိန်းချုပ်နိုင်ထားပြီး နေရာတော်တော်များများမှာ အုပ်ချုပ်ရေးစနစ်ထူထောင်နိုင်ခဲ့တဲ့အထိ တိုးတက်မှုရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုတော်တော်များများကိုလည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပေမယ့် လေကြောင်း ပစ်ခတ်မှုတွေကိုတော့ တုံ့ပြန်နိုင်လောက်တဲ့အထိ မရှိသေးပါဘူး။

ပုလဲဘက်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုကျော်စိုးမိုးက အခုလို ရှင်းပြပါတယ်။

32 sec “သူတို့ထိုးစစ်ဆင်လာတာကိုလည်း ကျွန်တော်တို့ ဖြတ်တောက်မှုအားကောင်းခဲ့တယ်။ ပုလဲနယ်မှာလာပြီးတော့ ထိုးစစ်ဆင်တဲ့အားလုံးကတော့ အားကောင်းခဲ့ပါတယ်။ မတူတဲ့ အချက် အလက်တွေကတော့ မနှစ်ကတုန်းက စတိုက်ခါစတုန်းက ရရာလက်နက် စွဲကိုင်တော်လှန်ခဲ့ကြ တယ်။ ကျွန်တော်တို့မှာ တူမီးခေါက်ချိုးနဲ့ တခါတလေ ဓားတွေလွယ်ပြီး ခုခံစစ်နဲ့ ချခဲ့တာကို မနှစ် ကထက်တော့ အားသာချက်က အများကြီးရှိလာတယ်။ ကုန်ကြောင်းအနေနဲ့လာရင် ခံနေရတာ ဒီကောင်တွေသိတော့ ကုန်းကြောင်းတော့ မလာတော့ဘူး လေကြောင်းနဲ့ပဲထိုးနေရတယ်။ အဲ့လေ ကြောင်းအတွက်တော့ ပြန်လည်ကာကွယ်နိုင်တဲ့ လက်နက် မရှိသေးဘူးခင်ဗျ။”

၂၀၂၂ ခုနှစ်ထဲမှာ စစ်ကောင်စီက မြေပြင်ကနေ စစ်ကြောင်းထိုးတာတွေထက် ဝေဟင်ကနေ လေ ယာဉ်တွေနဲ့ ပစ်ခတ်တာတွေ များလာတယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့က ကိုနွေဦးက မြေပြင် စစ်ရေး အခြေအနေကို ပြောပြပါတယ်။

  32 sec “ဒီနှစ်ထဲမှာ စစ်ကြောင်းထိုးတာထက် တိုက်ပွဲတခုဖြစ်တာနဲ့ လေယာဉ်သုံးတာတွေက များ လာတယ်ခင်ဗျ။ အရင်တုန်းက ၂၀၂၁ လောက်ကဆိုရင် မြေပြင်စစ်ကြောင်းအရ သူတိုက်ကိုယ် တိုက်နဲ့ ဒီလိုမျိုးပဲ သူတို့အခွင့်မသာဘူးဆိုရင် သူတိုလှည့်ပြေးပေါ့နော်။ အဲ့လိုအခြေအနေမှာရှိတယ်။ အခုဒီနှစ်ပိုင်းတွေမှာ တိုက်ပွဲ ၁၅ မိနစ် မိနစ် ၂၀ နာရီဝက်လောက်ကြာလို့မှ သူတို့အရေးနိမ့်တော့ မယ်ဆိုရင် လေယာဉ်တန်းလာပြီး လေယာဉ်သုံးတာတွေရှိပြီး များလာတဲ့အတွက် သူတို့ဘက် ကတော့ မြေပြင်ထက် ဝေဟင်ကို ပိုသုံးလာတာကို တွေ့ရတယ်ခင်ဗျ။”

၂၀၂၂ ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုကို ဥပမာပြပါဆိုရင် စစ်ကိုင်း တိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို ပစ်ခတ်မှုအတွင်း ကလေး ငယ်တွေအပါအဝင် ၁၃ ဦးသေဆုံးခဲ့ပါတယ်။ ကချင်ပြည်နယ် အနမ့်ပါကျေးရွာကို ဂျက်လေယာဉ် တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေအပါအဝင် ၆၀ ဦးထက်မနည်း သေဆုံးခဲ့ရပါ တယ်။

ပျူစောထီးတွေလို့ အများကသိတဲ့ စစ်ကောင်စီကို အားပေးထောက်ခံသူတွေကို သင်တန်းတွေပေး နေတဲ့ ကန့်ဘလူနယ်ထဲက မြေပြင်စစ်ရေးအခြေအနေကိုတော့ ဗိုလ်ယက္ခက အခုလိုပြော ပြပါတယ်။

30 sec “ပြောမယ်ဆို ကန့်ဘလူ ခါးလယ်လောက်အထိ ဒီဘက်ကအနေနဲ့ စိုးမိုးထားတယ်လို့ ပြောလို့ရတယ်။ မြေပြင်အနေထားအရပေါ့နော်။ ပြောချင်တာက သူတို့ကအထိုင် တခုကို ပဲ ပိုင်ထားသလိုပဲ ကျန်တဲ့နယ်မြေတွေက ကျွန်တော်တို့သွားလာလှုပ်ရှားလို့ ရောက်နေတဲ့ နယ် မြေတွေဖြစ်နေတာကို ကျွန်တော်တို့သွားချင်တဲ့အချိန်သွားတယ်။ လာချင်တဲ့အချိန်လာတယ်။ နောက်ပြီးတော့ သူတို့က အနေက တဖြေးဖြေးတော့ကျုံ့သွားပြီ ဒီဘက်က လုပ်ဆောင်ချက်တွေက အဆင်ပြေပါတယ်။”

တိုင်းရင်းသားနယ်မြေဘက်မှာကြည့်မယ်ဆိုရင်လည်း ကရင်နီပြည်နယ်ဖြစ်တဲ့ ကယားပြည်နယ်မှာ လည်း စစ်ကောင်စီက အကြီးအကျယ်ထိုးစစ်ဆင်နေတာတွေရှိသလို ကရင်ပြည်နယ်ဘက်မှာ ဆိုရင်လည်း နေ့စဉ်လိုလို တိုက်ပွဲတွေရှိနေပြီး လေယာဉ်တွေနဲ့ မကြာခဏဗုံးကြဲတိုက်ခိုက်တာ တွေရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကထက်စာရင် အခု ၂၀၂၂ ခုနှစ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အင်အားတွေ သိသိ သာသာ တိုးမြင့်လာပြီး စစ်ကောင်စီဘက်က လေကြောင်းကနေသာ အသာစီးရယူနိုင်ခဲ့ပြီး မြေ ပြင်မှာဆိုရင်  ပြုန်းတီးအင်းအားတွေများလာပြီး စစ်ပန်းလာတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ် သူတဦးက အခုလိုသုံးသပ်ပါတယ်။

1:4 Sec “စစ်ရေးအရအားပြိုင်မှုမှာ တပ်မတော်အနေနဲ့က လေကြောင်းသုံးပြီး ချေမှုန်းတာကလွဲလို့ မြေပြင်စိုးမိုးမှုအပိုင်းမှာ စစ်ရေးအရ အတော်အားနည်းသွားတယ်။ PDF တွေဘက်က နယ်မြေစိုးမိုး မှုတွေ တဖြေးဖြေးရလာတယ်။ မြေပြင်တိုက်ပွဲတွေမှာ အသာစီးရလာတယ်။ စိတ်ဓာတ်ကော လူ အင်အားကော တိုးတက်လာပြီးတော့ တဖက်က နစကဘက်မှာကျတော့ စစ်သည်အင်အားတွေ အကျအဆုံးများတာတွေ CDM ပြုလုပ်တာရယ် ထွက်ပြေးတာရယ်။ ဒဏ်ရာရတာရယ် အင်မတန် များပြားလာပြီး အင်အားကလျော့သွားတယ်။ အဲ့ထက်ပိုဆိုးတာက စစ်ပန်းလာတာပေါ့နော်။ အထူးသဖြင့် အထူးသဖြင့် တိုင်းရင်းသား ဒေသတွေအားလုံးသည် PDF ရယ် NUG ရယ် တ သွေးတည်း တသားတည်း ဘယ်ခေတ်မှာမ မပေါ်ပေါက် ဖူးလောက်အောင်ကို ညီညီညွတ် စည်းစည်းရုံးရုံး ဖြစ်တည်လာတာကို တွေ့ရတယ်။”

ဒါ့အပြင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသား လက်နက် ကိုင်တပ် ဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေဖြစ်ပွားလာတာကိုတွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေ တပ်ဖွဲ့တွေ ၂၀၂၀ ရွေးကောက်ပွဲပြီးကတည်းက တိုက်ပွဲတွေ ငြိမ်သက်ရာကနေ ၂၀၂၂ ခုနှစ် သြဂုတ် လထဲမှာ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တကျော့ပြန်တိုက်ပွဲတွေအတွင်း ရခိုင့်တပ်မတော် အေအေ ဘက်က နယ်ခြားစောင့်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့အထိ ရက်ရှည်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ လက်ရှိမှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အေအေ နဲ့ စစ်ကောင်စီတပ်တွေ နားလည်မှုနဲ့ အပစ်ရပ်ထားတယ်ဆိုပေမယ့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ် လာနိုင်တဲ့ အလားအလာတွေလည်းရှိနေပါတယ်။

တဖက်မှာလည်း ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA နဲ့ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ် လာပါတယ်။ ကချင်လွတ်မြောက်ရေးကောင်စီ ဒုဥက္ကဌ (၁) ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ကလည်း စစ်ကောင်စီအနေနဲ့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာပြီး သူတို့အနေနဲ့  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ထောင်နီးပါးကို စစ်ပညာသင်ကြားပေးခဲ့တယ်လို့ အင်တာဗျူးတခုမှ တရားဝင် ပြော ကြားထားပါတယ်။

ဒီနှစ်ထဲမှာပဲ အမေရိကန်အမျိုးသား ကာကွယ်ရေးအက်ဥပဒေကို အမေရိကန်သမ္မတက လက်မှတ် ရေးထိုး အတည်ပြုခဲ့ပြီး အဲ့အထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့တွေကိုပါ လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေ ပေးသွားမှာဖြစ်တဲ့ အကြောင်း ဖော်ပြထားပါတယ်။ ဒီဥပဒေကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေး စွမ်းဆောင်ရည်တွေ တိုးတက်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက တိုက်ပွဲရဲ့ အဆုံး အဖြတ်နှစ် ၁ နှစ်လို့ ပြောကြားထားပြီး စစ်ရေးလေ့လာသူတွေကလည်း လာမယ့်နှစ်ဟာ လက်နက်ကိုင် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly