အွန်လိုင်းတွင် ပြင်းထန်သည့် ဝေဖန်မှုများကြောင့် တရုတ်ဆင်ဆာကျွမ်းကျင်သူများ စိုးရိမ်

အွန်လိုင်းတွင် ပြင်းထန်သည့် ဝေဖန်မှုများကြောင့် တရုတ်ဆင်ဆာကျွမ်းကျင်သူများ စိုးရိမ်

ပြင်းထန်သောပိတ်ဆို့ကန့်သတ်မှုများ၊မဖြစ်မနေနျူကလိစ်အက်ဆစ်စမ်းသပ်မှုများ၊အတင်းအကျပ်သီးသန့်ခွဲထားမှုများနှင့်အခြားအရာများကြောင့်တရုတ်၏ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုWeChatအသုံးပြုသူအများအပြားက ပြင်းထန်စွာဝေဖန်မှုများကြောင့် တရုတ်ဆင်ဆာကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

ယင်းအကြောင်းအရာပြန့်နှံ့နေမှုကိုကျွမ်းကျင်သူများကအံ့အားသင့်နေကြကြောင်းဂရိအခြေစိုက်သတင်းစာDirectusကဖော်ပြခဲ့သည်။

ရှင်ကျန်းပြည်နယ်ဥယုံမုချီမြို့တွင်မီးဘေးသင့်သူများကိုတောင်းပန်ရန်နိုဝင်ဘာလတွင်လူမှုမီဒီယာပို့စ်တစ်ခုက တောင်းဆိုခဲ့သည်။

တင်းကျပ်သောကိုဗစ်ပိတ်ဆို့ကန့်သတ်မှုများကြောင့်မီးဘေးမှမလွတ်မြောက်နိုင်ခဲ့ခြင်းနှင့်မီးသတ်သမားများ၏ ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုကို အဟန့်အတားဖြစ်စေခဲ့သောကြောင့် မီးဘေးသင့်သူများသေဆုံးခဲ့ရကာ သေဆုံးသူအများစုမှာဝီဂါများဖြစ်ပြီးယင်းပို့စ်ကြောင့်တရုတ်နှင့်ပတ်သက်ပြီးအာရုံစိုက်လာကြသည်။

"ဥယုံမုချီမြို့ကလူတွေအတွက်လူအများအပြားကကိုယ်ချင်းစာမှုနဲ့ပံ့ပိုးမှုတွေကြောင့်အရမ်းပဲစိတ်လှုပ်ရှားမိပါ တယ်" ဟု၎င်းကပြောကြားခဲ့ကြောင်း Directus က ဖော်ပြခဲ့သည်။

သီးသန့်ခွဲထားသည့်အဆောက်အအုံများ၏အမှိုက်ပုံးများတွင်အမှိုက်များပြည့်လျှံနေခြင်း၊လူထူထပ်ခြင်းနှင့်လုံလောက်စွာအပူမပေးခြင်းကြောင့်အွန်လိုင်းအသုံးပြုသူများကပြီးခဲ့သည့်သီတင်းပတ်ကပြစ်တင်ဝေဖန်ခဲ့ကြသည်။

အဆောက်အဦများသည်ကျွဲနွားများအတွက်သာသင့်လျော်သည်ဟုအင်တာနက်အသုံးပြုသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းပို့စ်များသည်WeChat Moments စာမျက်နှာတွင် ရက်ပေါင်းများစွာရှိနေခဲ့ပြီး အချို့မှာယနေ့အချိန်အထိရှိနေဆဲဖြစ်ကြောင်းDirectusကဖော်ပြခဲ့သည်။

တရုတ်အစိုးရပိုင်မီဒီယာကြီးများစုကယင်းအကြောင်းလုံးဝမဖော်ပြခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required