ကမ္ဘာတွင် ပုံရိပ်ကောင်းစေရေးအတွက် တရုတ်အစိုးရမီဒီယာများတွင်ငွေကြေးအမြောက်အများသုံးစွဲ

By Devdiscourse
27 December 2022
ကမ္ဘာတွင် ပုံရိပ်ကောင်းစေရေးအတွက် တရုတ်အစိုးရမီဒီယာများတွင်ငွေကြေးအမြောက်အများသုံးစွဲ

တရုတ်အစိုးရပိုင်မီဒီယာများဖြစ်သည့်တရုတ်ကမ္ဘာ့လုံးဆိုင်ရာရုပ်မြင်သံကြားကွန်ရက် (CGTN)၊ တရုတ်နိုင်ငံတကာရေဒီယို (CRI) နှင့်ဆင်ဟွာတို့တွင် တရုတ်အစိုးရကငွေကြေး အမြောက်အများ သုံးစွဲပြီးကမ္ဘာ့ပြိုင်ဘက်မီဒီယာများအဖြစ် ထူထောင်၍ တရုတ်နှင့်ပတ်သက်ပြီးပုံရိပ်ကောင်းစေရေးအတွက် ယင်းမီဒီယာများကကြိုးစားနေသည်။

သို့သော်ယင်းမီဒီယာများ၏ကြိုးပမ်းမှုမှာမအော်မြင်ခဲ့ကြောင်းဝါရှင်တန်အခြေစိုက်VOA Mandarin နှင့် တွေ့ဆုံမေးမြန်းခန်းတွင်အရှေ့တောင်အာရှများဆိုင်ရာ နိုင်ငံခြားဆက်ဆံရေးကောင်စီမှအကြီးတန်းသုတေသီ ဂျိုဟွာကာလန်ဇစ်ခ်ကပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့၅နှစ်၊၆နှစ်လောက်ကတည်းကတရုတ်ကကမ္ဘာလုံးဆိုင်ရာမီဒီယာနဲ့သတင်းအချက်အလက်ယန္တရားတစ်ခုကိုတည်ဆောက်ဖို့ကြိုးစားနေခဲ့ပါတယ်။နိုင်ငံတကာမှာတရုတ်အကြောင်းမျှမျှတတမတင်ဆက်ဘူးလို့အမြဲခံစားနေရလို့ကမ္ဘာ့မီဒီယာမှာပိုကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်ဖို့ကြိုးပမ်းနေပါတယ်" ဟု “တရုတ်၏

ကမ္ဘာလုံးဆိုင်ရာမီဒီယာတိုက်စစ်-- အာရှနှင့်ကမ္ဘာကိုသြဇာလွှမ်းမိုးရေးအတွက် တရုတ်၏ဘက်မမျှသောကြိုးပမ်းမှု” စာအုပ်အသစ်တွင် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ မီဒီယာရင်းနှီးမြှုပ်နှံမှုကိုဆန်းစစ်သူကာလန်ဇစ်ခ်ကပြောကြားခဲ့သည်။

CGTN နှင့်CRI တို့ကိုကြည့်ရှုနှုန်းမှာBBC သို့မဟုတ်CNN ကဲ့သို့ကမ္ဘာ့မီဒီယာများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးကြောင်း ကာလန်ဇစ်ခ်ကပြောကြားခဲ့သည်။

လက်တင်အမေရိကနှင့်အာဖရိကကဲ့သို့တရုတ်လိုလားသည့်ဒေသများတွင်အတန်ငယ်ကြည့်ရှုကြသည်။

တရုတ်အစိုးရ၏ဆိုးရွားသောမူဝါဒကြောင့်CGTN နှင့်CRI သတင်းထောက် အများစုသည်အလုပ်မှနုတ်ထွက်ကြကြောင်း၎င်းကပြောကြားခဲ့သည်။

“အလုပ်ကထွက်သွားတဲ့နိုင်ငံခြားသားနဲ့တရုတ်အပါအဝင်CGTN ထုတ်လုပ်သူတွေ၊ စာရေးဆရာတွေ၊ သတင်းထောက်တွေအများကြီးကိုတွေ့ဆုံမေးမြန်းမှုကနေသိရတာကတားမြစ်ချက်တွေပိုမိုတင်းကျပ်လာနေပါတယ်”ဟုကာလန်ဇစ်ခ်ကVOA Mandarin နှင့်တွေ့ဆုံမေးမြန်းခန်းတွင်ပြောကြားခဲ့သည်။

ဆင်ဟွာကအနည်းငယ်ကွဲပြားကြောင်းကာလန်ဇစ်ခ်ကပြောကြားသည်။ကုမ္ပဏီကအရှေ့တောင်အာရှတွင်လုပ် ငန်းများတိုးချဲ့နေပြီးဆင်ဟွာကကမ္ဘာ့နေရာအနှံ့ရှိမီဒီယာအများအပြားတွင်ခြေကုပ်ယူနိုင်ခဲ့သည်။နိုင်ငံအသီးသီးရှိ ပြည်တွင်းမီဒီယာများနှင့်လည်းချိတ်ဆက်နေကြောင်း၎င်းကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly