“ဗိုလ်အောင်ကျော် စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ” ကလေးမြို့ပင်မသပိတ် ချီတက်ဆန္ဒပြ

“ဗိုလ်အောင်ကျော် စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ” ကလေးမြို့ပင်မသပိတ် ချီတက်ဆန္ဒပြ

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၆၈၉ ရက်မြောက်အဖြစ် ယနေ့ ဒီဇင်ဘာလ ၂၇ရက်တွင် စစ်အာဏာရှင်အား ဆက်လက် ချီတက်ကန့်ကွက်ဆန္ဒပြကြသည်။

“ဗိုလ်အောင်ကျော် စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ” စာတမ်းကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေး၍ ချီတက်ကြခြင်းဖြစ်သည်။

စစ်အာဏာရှင်၏ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများအား

အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် ငြိမ်ခံမနေဘဲလမ်းမပေါ်သို့တက်ကာ အလံနှင့် အသံကြား ရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် မိဘပြည်သူများကို တိုက်တွန်းထားသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required