နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၇ ဒီဇင်ဘာ ၂၀၂၂)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၇ ဒီဇင်ဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေး အစိုးရ

· စစ်ကောင်စီ၏ ဒေါက်တိုင်များကို ထိုးနှက်နေခြင်းထက် ၂၀၂၃ ခုနှစ်တွင် ပင်မအရင်းကို တူးဖြိုပစ်ရမ ည့်အချိန်ရောက်ပြီဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၌ ပြုလုပ်သည့် အစိုးရအစည်းအဝေးတွင် ပြောကြားသည်။

· ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ၏ ရှေ့တန်းနယ်မြေ တနေရာတွင် ရှေ့တန်းရောက်‌ တော်လှန်ရေးရဲဘော်များအား ကျန်းမာရေးစစ်ဆေးသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ လမ်းညွှန် ချက်နှင့် ပညာရေး ဖော်ဆောင်ခဲ့သည့် စာသင်ကျောင်းက ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေး ပွဲကို ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ကြသည်။

· အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်ပြီး တော်လှန်ရေးကို အဆုံးသတ်နိုင်ရေးအတွက် အမျိုးသားညီ ညွတ်ရေး အစိုးရက တစ်နှစ်စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိရာ စီမံချက်ပါ လုပ်ငန်းများ အကောင် အထည် ဖော်နေသလို လာမည့် နှစ်သစ်မှာ တော်လှန်ရေးကို အရှိန်မြှင့်မည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှုကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

· ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းမှာရှိသည့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များတွေ့ဆုံပွဲတွင် တော်လှန်ရေးကို နိုင်ငံတကာမှလည်း ထောက်ခံ မှုများ ရှိလာပြီး လက်တွေ့ကျသည့် ထိရောက်ကူညီမှုများရှိလာ တော့မှာဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်ပြောသည်။

· ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန်တပ်ရင်း (၅၅၀) နှင့် စစ်တွေမြို့၊ ပါဒလိပ်အခြေစိုက် ခြေမြန်တပ်ရင်း (၃၄၄) တို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီး ကျေးရွာထဲသို့ ဝင်ရောက်၍ ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ် ၇ လုံးကိုမီးရှို့ခဲ့ကြောင်း လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

· ဒရုန်းဖြင့် ဗုံးကြဲခြင်းကို စစ်ကောင်စီတပ်ဖွဲ့များ တုန်လှုပ်ခြောက်ခြားနေသည်ဟု NUG ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· ကမာရွတ်မီဒီယာ၏ ပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း ၎င်း၏ ရှေ့နေထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ - မန်းလေးလမ်းပိုင်းရှိ စွမ်းရည်ထက်ဆီဆိုင်အနီးတွင် အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီသည် ပဒေဿမိုင်းဖြင့် တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း ယမ်းဘီလူး ပျောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

· ယင်းမာပင်၊ဆားလင်းကြီးတွင် ကျောင်းသားပြည်သူများစုပေါင်း၍ ရွာပေါင်းစုံသပိတ် ၆၅၆ ရက်မြောက်နေ့ အဖြစ်ချီတက်ဆန္ဒပြခဲ့ကြပြီး ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့သည် အာဇာနည်တစ်ဦးဖြစ်သည့် ကိုချမ်း မြေ့ကျော် ၏ ကျဆုံးခြင်း ၂၁ လ ပြည့်မြောက်သည့်နေ့ ဖြစ်သည့်အတွက် ၎င်း၏ အုတ်ဂူရှိရာသို့ ချီတက်အလေးနီပြုကာ ဝေမြဲနှင်းဆီများဖြင့် ဂုဏ်ပြုခဲ့ကြသည်။

· ယင်းမာပင်မြို့နယ် မြောက်ပိုင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ဘုတလင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြည်သူ့အခြေပြုကျောင်းတွင် နွေဦးတော်လှန်ရေး မှတ်တမ်း ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နေ့စဉ်မပျက် ရဲရဲဝံ့ဝံ့ဆန္ဒထုတ်ဖော်နေသော ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစု သည် "စစ်ခွေး နိဂုံး 2023" ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ယနေ့ နံနက်ခင်းတွင်ချီတက် ဆန္ဒထုတ်ဖော်ကြသည်။

· ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပွဲသာရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို မိုင်း ၂ လုံးဖြင့် ယနေ့ ဖောက်ခွဲတိုက်ခိုက်ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၅ ၊ နွေဦးအဖွဲ့မှ တာဝန်ရှိမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· မန္တလေးမြို့တွင် ဇွန်လ ၅ ရက်နေ့၌ ဖမ်းဆီးခြင်းခံခဲ့ရသည့် အမရပူရမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ဗကသ ကျောင်းသား ကိုအောင်ကျော်ခန့်ကို အကြမ်းဖက်စစ် ကောင်စီက ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အိုးဘိုထောင်တွင်း တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၀ ည နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်က ပြောသည်။

· ကချင်ပြည်နယ် ဖားကန့်မှော်လှည့် သပိတ်စစ်ကြောင်းက ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

· အင်းစိန်ထောင်အတွင်း ပြုလုပ်ထားသည့် မြို့နယ်တစ်ခု၏ သီးသန့်တရားရုံး၌ ဒီဇင်ဘာလ ၂၆ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားအင်အားစုတစ်ခုက အမှုရင်ဆိုင်နေစဉ် တရားသူကြီးကို ရုပ်သေးရုပ်လက်ဆောင်ပေး၍ ပြက်ရယ်ပြုလိုက် ယကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်မဟာမိတ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ မှ ကျားဖြူစစ်ကြောင်းမှ သိရသည်။

· စစ်အာဏာရှင် တွန်းလှန်ရေးမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း KNU က ပြောသည်။

· KNDF သည် ပြည်နယ်တွင်းတွင် စစ်တက္ကသိုလ်၊ ဆေးတက္ကသိုလ် အပါအဝင် စစ်ဘေးရှောင် ပြည်သူများ ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်မည့် ရေရှည်အသက်မွေးဝမ်းကျောင်း သင်တန်းတွေကိုလဲ ဖွင့်လှစ်နိုင်ရန် အတွက် ပြင်ဆင်နေကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်းဘီထူးနှင့် ဧရာဝတီသတင်းဌာန၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုထားသည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မိဂသိမ်ကုန်းအနိးတွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပြီး စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ် ကြောင်း သိရသည်။

စစ်ကောင်စီ

· အမေရိကန်က အတည်ပြုလိုက်သည့် အမျိုးသားကာ ကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ (NDAA) ကို အပြင်းအထန် ကန့်ကွက်ကြောင်း အာဏာ သိမ်း မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

· အကြမ်းဖက်စစ်ကောင်စီက အသိပေးခြင်းမရှိဘဲ ပရဟိတအသင်းများကို မဲစာ ရင်း ပြုစုရန် ရွေးကောက် ပွဲကော်မရှင် တွင် အတင်းအကျပ် ထည့်သွင်း ထား ကြောင်း ရန်ကုန်အခြေစိုက် ပရဟိတ အသင်းတချို့ထံမှ သိရှိရသည်။

· ၇၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့ နံနက်ပိုင်းမှာ ရန်ကုန်ပြည်သူ့ရင်ပြင်ရှေ့ရှိပြည်လမ်းကို ခေတ္တပိတ် ထားမည်ဖြစ်ကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်သည်။

· ယခုနှစ် ပထမခြောက်လအပြီး မြန်မာပြည်၏ စီးပွားရေး ၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ကြောင်း စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

· တရုတ်နိုင်ငံကို ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ငှက်ပျောတင်ပို့ရာတွင် ကျပ်ငွေနှင့်အခွန် စည်းကြပ်ကောက်ခံမှုအစား ယွမ်ငွေဖြင့်ပြောင်းလဲကောက်ခံနေကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

· အကြမ်းဖက်စစ်ကောင်စီမှ ဖိတ်ခေါ်သည့် ဖွဲ့စည်းပုံပြင်ရေးဆွေးနွေးပွဲကို အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့တက်ရောက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၇ ရက် သုံးသပ်ချက်

· NUG မှ ပြောခွင့်ရပုဂ္ဂိုလ်များ၏ တရားဝင်ပြောဆိုချက်များကို ကြည့်ခြင်းအားဖြင့် လာမည့်နှစ်ဆန်းပိုင်း တွင် ဗျူဟာကျသည့် တိုက်ပွဲများ ဖော်ဆောင်မည်ဖြစ်ခြင်းကြောင့် နှစ်စမှာပင် နေရာအနှံ့တိုက်ပွဲများ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

· ယခုလည်း ကရင်ပြည်နယ်ကော့ကရိတ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်မှာ ရက်အတော် အတန်ကြာနေပြီး စစ်ကောင်စီမှ တစ်တပ်ပြီး တစ်တပ်ဖြင့်တိုက်နေသော်လည်း တော်လှန်ရေး အင်အားစုများ ၏ ခုခံတွန်းလှန်စစ်ကို မတိုက်နိုင်ဘဲ ရှိနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly