နယ်စပ်ပဋိပက္ခများ ပေါ်ပေါက်ပြီးနောက် အာဖဂန်ဆိုင်ရာ မူဝါဒကို ပြန်သုံးသပ်ရန် ပါကစ္စတန် လွှတ်တော် အမတ်က အစိုးရကို တိုက်တွန်း

နယ်စပ်ပဋိပက္ခများ ပေါ်ပေါက်ပြီးနောက် အာဖဂန်ဆိုင်ရာ မူဝါဒကို ပြန်သုံးသပ်ရန် ပါကစ္စတန် လွှတ်တော် အမတ်က အစိုးရကို တိုက်တွန်း

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်တွင် မကြာသေးခင်က နယ်စပ်ဖြတ်ကျော် ပဋိပက္ခများ ဖြစ်ပွားမှု မြင့်တက်ခဲ့သည့်အတွက် အာဖဂန်တာလီဘန်အစိုးရနှင့်ပတ်သက်ပြီး ထားရှိသည့် မူဝါဒအ‌ပေါ် ပြန်လည်သုံးသပ်ရန် ပါကစ္စတန်အထက်လွှတ်တော်အမတ် ဖာရွတ်ခ် နိတ်ခ်က အစိုးရကို တိုက်တွန်းလိုက်သည်။

ယခုလအစောပိုင်းက ကဘူးလ်ရှိ ပါကစ္စတန်သံရုံးအဖွဲ့အကြီးအကဲ တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အထူးပင် သံသယဖြစ်မိကြောင်း အထက်လွှတ်တော်အမတ် နိတ်ခ်က ဆိနိတ်လွှတ်တော် နိုင်ငံခြားရေးရာ အမြဲတမ်းကော်မတီ အစည်းအဝေးအတွင်း ပြောခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

“ကျွန်တော်တို့ဟာ အနောက်အုပ်စုရဲ့ သဘောဆန္ဒတွေကို ဆန့်ကျင်ပြီး နိုင်ငံတကာမှာ အာဖဂန်နစ္စတန်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ပေးပါတယ်။ ဒါပေမယ့် အာဖဂန်အစိုးရဘက်ကတော့ ပါကစ္စတန်ကို မကြာမကြာ ဆန့်ကျင်နေသလို ကျွန်တော်တို့ကို သေနတ်တွေနဲ့ ပြန်ချိန်နေပါတယ်။ ဒါက တကယ့်ကို ကံမကောင်းပါဘူး” ဟု နိတ်ခ်က ပြောပြီး အာဖဂန်နစ္စတန်ဆိုင်ရာ မူဝါဒကို ပြန်သုံးသပ်ရန် လိုနေပြီဟု အလေးပေး ပြောသည်။

ပါကစ္စတန် အထက်လွှတ်တော်အမတ်၏ ပြောစကားများကို Dawn သတင်းစာက ကိုးကား ဖော်ပြခြင်းဖြစ်သည်။

နှစ်နိုင်ငံနယ်စပ် ချာမန်း-စပင်ဘိုးဒက် ဧရိယာတွင် နယ်စပ်ဖြတ်ကျော် လက်နက်ကြီး ပစ်ခတ်မှုဖြစ်စဉ်များ မကြာသေးခင်က ဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံခြားရေးရုံးသည် အစ္စလမ်မာဘတ်ရှိ အာဖဂန်အရာရှိများကို ဒီဇင်ဘာ ၁၆ ရက်က ဆင့်ခေါ်ပြီး အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly