နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၅ ဒီဇင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၅ ဒီဇင်ဘာ ၂၀၂၂) 

ဒီဇင်ဘာလ ၂၅ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • နတ်ဆိုးနှင့်အလားသဏ္ဍာန်တူသည့် ကျူးကျော်အုပ်စိုးသူများမောင်းထုတ်ဖယ်ရှားနိုင်မှသာ စစ်မှန်သော လုံခြုံငြိမ်းချမ်းမှုနှင့် လူသားဂုဏ်သိက္ခာပြည့်ဝသည့် ဘ၀ကိုရရှိနိုင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ က ခရစ္စမတ်အထိမ်းအမှတ် သဝဏ်လွှာမှာဖော်ပြထားသည်။ 

  • နွေဦးတော်လှန်ရေးတွင် ခရစ်ယာန်ဘာသာဝင်များသည် အမှန်တရားအတွက် ကျရာကဏ္ဍကပါ ဝင်နေသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ရကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ က ခရစ်စမတ် အထိမ်း အမှတ် သဝဏ်လွှာပေးပို့ ရာတွင်ထည့်သွင်းဖော်ပြထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းစခန်းနှင့် ဆိုင်ကယ်များကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦးခန့်သေဆုံးခဲ့ကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ တိုက်ပွဲများဖြစ်ပွားစဉ် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ၇ တိုင်တံတား ပျက်စီးသွားပြီး စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေ ကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • မုံရွာ-အမြင့်လမ်း သပိတ် အင်အားစုများမှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် Christmas အထိမ်းအမှတ် ဝတ်စုံများ ဝတ်ဆင်ပြီး အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသို့ ချီတက်လာသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရကြောင်း MRA စစ်ကိုင်းခရိုင်တပ်ရင်း ၅မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် "ငါတို့နိုင်မှအားလုံး လွတ်/ကျွတ်မှာ" စာသားကိုင်ဆွဲကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်းမြို့နယ်၊ ဆားတောင်နယ်ရှိ ကျေးရွာ ၅ ခုမှ လူနေအိမ် ၇၀၇ လုံးကို စစ်တပ်က ဖျက်ဆီး ပြီး အသက် ၈၀ အရွယ် အဘွားအို အပါအဝင် ပြည်သူ ၃ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း‌ ဒေသ ပြည်သူများကပြောသည်။ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ညောင်တိုအုပ်စု ၇ ရွာ၏ အုပ်ချုပ်ရေးမှူး ပြေအေးနှင့် သားဖြစ်သူ စိုင်းမြင့်အောင်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွား သည့် အပြင် ၎င်းတို့၏ အလောင်း ၂ လောင်းကို လာရောက်စစ်ဆေးသည့် စစ် ကြောင်း ကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force က သိရသည်။ 

  • တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့နှင့် အူဆန်မြို့များတွင် ဒယ်ဂူးဆရာတော် ဦး ဆောင်၍ ကိုရီးယားရောက် မြန်မာများ၊ ကိုရီးယားလူမျိုးများ ပူးပေါင်းပြီး မြန် မာ စစ်ကောင်စီနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြချီတက်ကြသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ယမန်နေ့ ​ကော့သောင်း အကျဥ်းထောင်မှ ၂ ပွင့် ဦးစီးမှူး သီရစိုး ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များ ထံမှ သိရှိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • အခုရက်ပိုင်းအတွင်း နေပြည်တော်မှာတွေ့ဆုံဖို့ရှိ စစ်ကောင်စီနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့တို့၏ တွေ့ဆုံပွဲ ပျက်သွားပြီဖြစ်ကြောင်း အဆိုပါအဖွဲ့များမှ ပြောဆိုသည်။ 

  • ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် ယမန်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ စစ်ကောင်စီတပ်က ကလေးသူငယ် များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၄၀ ကျော်ကို အရှင်လတ်လတ် ဖမ်းဆီး သတ်ဖြတ် မီးရှို့မှုမှာ ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော စစ် ကောင်စီ ၏ သံချပ်ကာ အမြောက်ကား ၂ စီးကို Golden Eagle တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ရာ သံချပ်ကာ အမြောက်ကား ၁ စီး မီး လောင် ပျက်စီးသွားကြောင်း သိရှိရသည်။ 

စစ်ကောင်စီ 

   

  • ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ်က ဆရာဝန် ၁ ဦးနှင့် ဖမ်းဆီးခံရသူ လူငယ် ၇ ဦးကို ပုသိမ် အကျဉ်း ထောင် အထူးတရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီအမိန့်ချ လိုက်ကြောင်း သိရသည်။ 

  • ပဲခူးတိုင်းဒေသကြီးမှာ Smart City Project လုပ်ငန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါခေါ်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ 

  • စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး က ထုတ်ပြန်ထားသည်။ 

  • အခုနှစ်နိုဝင်ဘာလအတွင်း ပြည်ပကို ပြောင်းတန်ချိန် နှစ်သိန်းခန့် တင်ပို့ထားပြီး ဗီယက်နမ်နိုင်ငံက အဓိကဝယ်ယူခဲ့ကြောင်း  စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။ 

  •  မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဒီးဒုတ်ခင်ကျေးရွာတွင် PDF များက ဆရာမတစ်ဦးနှင့် ခင်းပွန်းဖြစ်သူတို့အား ပစ်ခတ်သတ်ဖြတ်သွားကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေးမှ ထုတ်ပြန်ထားသည်။ 

  • နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးအာမခံချက်မှာ စွမ်းရည် ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက်ပိုင်ဆိုင်ခြင်းဟု အကြမ်းဖက် စစ်ခေါင်းဆောင်  မင်းအောင်လှိုင်က ပြောသည်။ 

  • ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံမဏိများကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီး ကုန်ကြမ်းပစ္စည်းများလည်း ရှိနေခြင်းကြောင့် သံမဏိထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက မည်သည့်တိုင်းရင်းသားလုပ်ငန်းရှင်ကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။ 

  • PDF များက စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်နှင့် ရေဦးမြို့နယ်တို့ရှိ ဌာနဆိုင်ရာ ရုံးများအတွင်း ဝင်ရောက်ကာ ဌာနပိုင်မော်တော်ယာဉ်များနှင့် ရုံးအသုံးအဆောင်ပစ္စည်းများအား ခြိမ်းခြောက်လုယက်ယူ ဆောင်သွားကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေးမှ ထုတ်ပြန်သည်။ 

  • နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၃၁ ရက်နေ့ ရန်ကုန်မှာ နွားအလှပြိုင်ပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးနှင့်မွေးမြူရေးဦးစီးဌာနကသိရသည်။ 

  • ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင်များဖြစ်သော မနုနုအောင် အပါ အဝင် မခက်ခက်အောင်နှင့် ၎င်း၏သားဖြစ်သူကိုမြတ်သူတို့သုံးဦးကို ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျိုက်မရော အကျဉ်းထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီးချမှတ်လိုက်သည်ဟု မိသားစု နှင်နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဒီဇင်ဘာ ၂၅ ရက် သုံးသပ်ချက် 

  • (NCA) လက်မှတ်ရေးထိုးတားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့်စစ်ကောင်စီတို့ ဆွေးနွေးပွဲ ပျက်ပြန်သည်။စစ်ကောင်စီဘက်မှ တဘက်သတ် အချိန်နှင့်နေရာသတ်မှတ်ခြင်းကြောင့် မဆွေးနွေးဖြစ် ကြောင်း ဆိုကြသည်။မည်သည့်ကတိမှ တည်ခြင်းမရှိသည့် စစ်ကောင်စီထံမှ ကောင်းကျိုးရလဒ် တစ်စုံ တစ်ရာ မျှော်လင့်၍မရကြောင်း ဆိုရမည်ဖြစ်သည်။ 

  • အညာဒေသတွင် နေ့စဉ်မီးရှို့ခံနေရသော်လည်း တော်လှန်ရေးနှင့်စစ်အာဏာရှင်ဆန့်ကျင့်ရေး အားကောင်းနေ ဆဲဖြစ်သည်။ ကရင်၊ကရင်နီ၊ပဲခူးအရှေ့းခြမ်း၊မွန်ပြည်နယ် ရေး သထုံနှင့်ချင်းပြည်နယ်တွင် လည်း စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly